ရွေးချယ်စရာများ

Wednesday, November 29, 2017

Red eye myanmar sub

KFM ပရိတ်သတ်ကြီးတွေအတွက် ဆောင်းရာသီအစ ညချမ်းအေးအေးလေးမှာ အသည်းခိုက်စေဖို့ ဇာတ်ကားလေးတစ်ကား ဘာသာပြန်တင်ပေးပါ့မယ်နော်။
ဇာတ်ကားနာမည်က Red eyes ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။
>>>ဇာတ်လမ်းအကျဉ်းကတော့....
မိုးသည်းတဲ့ညတစ်ည ဆိုးလ်ဘူတာကနေ ည၁၂နာရီထွက်ရမယ့် ရထား တစ်စီးဟာ အကြောင်းတစ်ခုကြောင့် ၁၁:၅၀ မှာ စောပြီး ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ရထားမတော်တဆမှုဖြစ်ပြီး လူများစွာ သေဆုံးကုန်ပါတယ်။ အဲ့မတော်တဆမှုဖြစ်တာက ဇာတ်လိုက်မင်းသမီး အိုမီဆန်းရဲ့ အဖေကြောင့်လို့ လူတွေက အပြစ်ပြောနေကြပါတယ်။
ရက်တွေကြာလာတော့ အဲ့ဒီ မတော်တဆမှုဖြစ်တုန်းက သုံးထားတဲ့ တွဲအချို့ကို ပြန်သုံးပြီး ရထားကို ပြေးဆွဲခဲ့ပါတယ်။ ဒါပေမယ့် အဲ့တွဲတွေဟာ သရဲခြောက်တယ်လို့ လူတွေကြား နာမည်ကြီးလာခဲ့ပါတယ်။ အဲ့တာကြောင့် အိုမီဆန်းက အရင်တွဲဟောင်းတွေပြန်သုံးထားတဲ့ရထား...မတော်တဆဖြစ်တုန်းက သွားခဲ့တဲ့ ခရီးစဉ်အတိုင်း အချိန်တူ နေရာတူ ပြေးဆွဲမယ်ဆိုတော့ အရင်မတော်တဆမှုဖြစ်စဉ်ဟာ သူ့အဖေကြောင့်မဟုတ်ကြောင်း သက်သေရှာဖို့ ရထားပေါ်အလုပ်လုပ်ဖို့အလှည့်ပြောင်းပြီး ဝင်လာပါတယ်။
ထူးဆန်းတာက အဲ့ဒီရထားဟာလည်း ည၁၂နာရီထွက်ရမှာကို ၁၁:၅၀ မှာ စောပြီး ထွက်ခဲ့ပါတယ်။ လမ်းခရီးမှာ အစပိုင်း ချော့မွေ့ခဲ့ပေမယ့် လှိုင်ဂူ တစ်ခုကို အဖြတ်မှာ သံလမ်းပေါ် ကလေးမလေး တစ်ယောက်ပေါ်လာလို့ ရထားကို အရေးပေါ်ရပ်လိုက်ရပါတယ်။ အဲ့အချိန်မှာပဲ... အချိန်တူ...ခရီးစဉ်တူ...နေရာတူ...အရင်တွဲဟောင်းတွေ ပြန်သုံးထားတဲ့ ရထားကြီးကို မတော်တဆဖြစ်ခဲ့တဲ့ရထား(တစ္ဆေရထားကြီး)က ဝင်ပူးလိုက်ပါတော့တယ်....
>>>နောက်ပိုင်းမှာ ဘယ်လိုအန္တရာယ်တွေ့ကြုံလာမလည်း....မင်းသမီးကကော သူလိုချင်တဲ့ သဲလွန်စကိုရမလား...တစ္ဆေရထားကြီးဖြစ်သွားတဲ့အချိန်မှာ ရထားမတော်တဆမှုထပ်မဖြစ်အောင် ဘယ်လို လုပ်မလည်းဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ နားကြပ်လေးတပ်ပြီး ညပိုင်းမှာကြည့်ကြည့်ရင် ကြည့်ပျော်တဲ့ သရဲကား တစ်ကားအဖြစ် KFM ကနေ တင်ဆက်ပေးလိုက်ပါတယ်။





Monday, November 27, 2017