ရွေးချယ်စရာများ

Saturday, September 16, 2017

Album အသစ်အတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကြံကြံခံပြီး ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုလာတဲ့ ELRIS





Girl group အဖွဲ့သစ်လေးဖြစ်တဲ့ ELRIS ဟာ အခုချိန်မှာဆိုရင် တမူဆန်းသစ်တဲ့ စတိုင်တွေ၊ ချစ်စရာပုံရိပ်တွေနဲ့ ပရိတ်သတ်အများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလို ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အလွယ်တကူရယူနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။


September 13 ရက်နေ့မှာ ELRIS အဖွဲ့ဟာ ဆိုးလ်မှာရှိတဲ့ Hongdae's Yes24 MUV Hall မှာ showcase တစ်ခု လုပ်သွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ELRIS အဖွဲ့ တစ်ဖွဲ့လုံးဟာ တခြားအဆိုတော်အဖွဲ့တွေလို showcase ကို အေးအေးဆေးဆေး ကျင်းပနိုင်တာမျိုးမဟုတ်ဘဲ အဖွဲ့ဝင်တိုင်း လိုလိုက album promotion အတွက် ပြင်ဆင်ဖို့ ပြေးလွှားနေရသလို တစ်ဘက်ကလည်း မီဒီယာများက မေးမြန်းလာတဲ့ မေးခွန်းတွေကို မနားမနေ ဖြေခဲ့ကြရပါတယ်။

အဖွဲ့ဝင် Sohee ရဲ့ပြောကြားချက်မှာ " ကျွန်မတို့ အကုန်လုံး ဒီ album ဖြစ်လာဖို့အတွက် ကြိုးစားခဲ့ရပါတယ်။ တချို့ အဖွဲ့ဝင်တွေက သူတို့ရဲ့ ပုံစံတွေကို အများကြီးပြောင်းပစ်ခဲ့ရပါတယ်။ အများဆုံး ပြောင်းရတာကတော့ ဆံပင်ပုံစံပေါ့နော်၊ အဖွဲ့ခေါင်းဆောင် Bella ဆိုရင် သူ့ရဲ့ ဆံပင်အရှည်ကြီးကို တိုတိုလေးဖြစ်အောင် ညှပ်ခဲ့ရပါတယ်။ ကျွန်မလည်း သိပ်မထူးပါဘူး...hair salon မှာ အချိန်အကြာကြီးပေးပြီး  ဦးရေပြားခြောက်အောင် လုပ်ခဲ့ရပါတယ်။ အဲ့တာက နည်းနည်းတော့ နာတယ်။ ဒါပေမယ့်လည်း album ကောင်းဖို့ပဲ စိတ်ထဲရှိနေတော့ နာကျင်မှုကို လျစ်လျူရှုနိုင်ခဲ့ပါတယ်" ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြောသွားပါတယ်။

showcase ကျင်းပနေစဉ်အတွင်းမှာ, အဖွဲ့ဝင် Yukyoung က သူမရဲ့ ဒုက္ခခံရမှုအပိုင်းကို ပြောကြားသွားပါတယ်။
"ကျွန်မလေ... ဆံပင်ကို အရောင်မျိုးစုံလည်း ဆိုးခဲ့ရတယ်။ ပြီးတော့ stage တွေ MV ရိုက်ကူးမှုတွေနဲ့ကိုက်အောင်လို့ဆိုပြီး ဆံပင်အခြောက်ခံတာကို အကြာကြီးလုပ်ခဲ့ရပါတယ်။ အစက ကျွန်မဆံပင်က ရွှေရောင်ဖျော့ဖျော့လေးပါ။ ဒါပေမယ့် MV အတွက် ပန်းရောင်ဆိုးခဲ့ရပါတယ်။ အဲ့မှာပြသနာက ရွှေရောင်ကနေ ပန်းရောင်ပြောင်းတာမှာ အချိန်အရမ်းကြာတဲ့အတွက် အကြာကြီး ထိုင်နေရလို့ တင်တွေတောင် အရမ်းနာခဲ့ရပါတယ်။" လို့ ရီစရာအဖြစ် ပြန်ပြောခဲ့ပါတယ်။

သူတို့အဖွဲ့ရဲ့ album နာမည်ကတော့ "Color Crush" ဖြစ်ပြီး main track ကတော့ "Pow Pow" ဖြစ်ပါတယ်။

အောက်ကလင့်ခ်မှာ MV ကို ကြည့်နိုင်ပါတယ်။

Kpop for Myanmar Admin team

Friday, September 15, 2017

Concert ကိုတောင် ဖျက်လိုက်ရတဲ့ Car Accident ဖြစ်ပြီးနောက် update အကြောင်းအရာများကို ပရိတ်များထံ ပြောကြားလိုက်တဲ့ Source Music


 
September 9ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၅နာရီခွဲမှာ G-Friend အဖွဲ့ဟာ ကံမကောင်းစွာနဲ့ပဲ ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အဆိုပါ မတော်တဆမှုမှာ ကံကောင်းစွာနဲ့ အသေအပျောက်မရှိပေမယ့်လို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် ကျန်းမာရေးပြုစုမှုများ ပြုလုပ်ခဲ့ပြီး concert ကိုလည်း cancel လုပ်ခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး G-Friend ရဲ့ အေဂျင်စီမှ G-Friend အဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးအခြေအနေ update သတင်းနဲ့ ဘာ့ကြောင့် မတော်ဆမှုဖြစ်ခဲ့တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။


September 14 ရက်နေ့မှာ , G-Friend ရဲ့ အေဂျင်စီ Source Music မှ concert ကို cancel လုပ်လိုက်ရတဲ့အတွက် ပရိတ်သတ်တွေကို တောင်းပန်ကြောင်း၊ ယာဉ်မတော်တဆမှုမှာ G-Friend နှင့်အတူ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြား လူကြီးမင်းများကိုလည်း တောင်းပန်ကြောင်းနဲ့ ယခုလို မတော်တဆမှုဖြစ်ပွားတာဟာ မန်နေဂျာရဲ့ ယာဉ်ကိုပေါ့ဆစွာ မောင်းနှင်မှုကြောင့် ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။


.
ပြောကြားမှုအပြည့်အစုံမှာ--
"အခုလို မတော်တဆမှုဖြစ်တာဟာ မန်နေဂျာရဲ့ ယာဉ်ကို ပေါ့ဆစွာ မောင်းနှင်မှုကြောင့်ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ယာဉ်မတော်တဆမှုမှာ ထိခိုက်ခဲ့တဲ့သူများကို ယာဉ်မောင်းနှင်ခဲ့တဲ့ မန်နေဂျာနဲ့အတူ ကျွန်တော်တို့ Source Music ကလည်း ဝမ်းနည်းစွာနဲ့ တောင်းပန်အပ်ပါတယ်။ မတော်တဆမှုဖြစ်ပြီးနောက် G-Friend အဖွဲ့ဝင် Yerin ဟာ ညာဘက်လက်နဲ့ လက်ညိုးမှာ အစစ်လွဲသွားခဲ့ပါတယ်။ အခြား G-Friend အဖွဲ့ဝင်များနဲ့ ယာဉ်ပေါ်လိုက်ပါလာသူများကတော့ အသေးအဖွဲထိခိုက်မှုက လွဲပြီး တခြားထိခိုက်မှုများ မရှိပါဘူး" လို့ပြောကြားသွားပါတယ်။

Source Music မှ ထပ်မံပြောကြားချက်များမှာ -
 "INK concert မှ G-Friend ကို စောင့်မျှော်နေခဲ့တဲ့ ပရိတ်သတ်များအနေနဲ့ စိတ်ပူစေမိတဲ့အတွက် စိတ်မကောင်းပါဘူး။ လက်ရှိအချိန်မှာတော့ G-Friend အဖွဲ့ဝင်များဟာ အိမ်မှာအနားယူလျက်ရှိပြီး comeback လုပ်နိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။ နောက်ကို ဒီလို မတော်တဆမှုမျိုးမရှိအောင် ကျွန်တော်တို့ ပိုဂရုစိုက်ရတော့မှာဖြစ်ပါတယ်။" ဆိုပြီးပြောကြားသွားပါတယ်။

2014 ခုနှစ် September 3 ရက်နေ့တုန်းက ဖြစ်ခဲ့ တဲ့ ယာဉ်မတော်တဆမှုကြောင့် "Ladies' code" အဖွဲ့ဝင် "Rise  နဲ့ EunB" တို့ သေဆုံးခဲ့ရပါတယ်။ နောက်ထပ် ဒီလိုမျိုး ဝမ်းနည်းဖွယ်ရာ သတင်းတွေ မရှိစေဖို့ ဆုတောင်းလိုက်ရပါတယ်။
 Kpop for Myanmar Admin team
'M Countdown' သမိုင်းတလျောက်မှာ "power" နဲ့ အမှတ်အများဆုံး ရရှိခဲ့တဲ့ EXO

September 14 ရက်နေ့မှာ ကျင်းပခဲ့တဲ့ 'M Countdown' မှာ EXO အဖွဲ့က သူတို့ရဲ့ သီချင်းအသစ် "power" နဲ့ အောင်မြင်မှုသရဖူကို ဆွတ်ခူးခဲ့ပါတယ်။ "M Countdown" သမိုင်းတလျောက်မှာ အများဆုံးအမှတ်ဖြစ်တဲ့ အမှတ်ပေါင်း "11,000" နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အရင် အများဆုံးအမှတ် စံချိန်ကတော့ "10,988" နဲ့  2015 ခုနှစ်မှာ Girls' Generation အဖွဲ့က "Lion Heart" သီချင်းနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

အောက်က လင့်ခ်ကနေ video ကြည့်နိုင်ပါတယ်

Kpop for Myanmar Admin team.

>>By the way, KFM ကနေ EXO specialist admin တစ်ယောက်ကို ရွေးထားပြီးဖြစ်တဲ့အတွက် အရင်လို EXO သတင်းတွေ တင်မပေးဘူးဆိုတာမျိုး ဖြစ်တော့မှာမဟုတ်ပါဘူး။ စိတ်ရှည်ရှည်နဲ့ သည်းခံပြီး စောင့်ဆိုင်းပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်နော်။

Thursday, September 14, 2017

၂၀၁၇ အစောပိုင်းမှာ Boram နဲ့ Soyeon ဟာ MBK နဲ့ စာချုပ်ပြည့်ပြီး စာချုပ်ဆက်မချုပ်တော့တဲ့အတွက် T-ARA ရဲ့ လက်ရှိ Activities များမှာ ပါဝင်နိုင်ခြင်းမရှိတော့ပါ။


Boram နဲ့ Soyeon တို့ ထွက်သွားပြီးနောက် T-ARA ဟာ အဖွဲ့ဝင် ၄ ယောက် Qri Eunjung Hyomin Jiyeon တို့ သာ ပါဝင်တဲ့ "What's My Name" Mini Album ဖြန့်ချီခဲ့ပါတယ်။( Regular Version နဲ့ အခြား Version ၄ မျိုး ဖြန့်ချီခဲ့ပြီး Gaon Chart မှာ အခွေ ၅၀၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ )
T-ARA မှာ Soyeon နဲ့ Boram တို့ မပါဝင်တော့တဲ့အပေါ် ပရိတ်သတ်များကြား မတူညီတဲ့ ထင်မြင်ယူဆမှုတွေ ကွဲပြားခဲ့ပြီး ဝေဖန်မှုအချို့လည်း ရှိခဲ့ပါတယ်။

Soyeon နဲ့ Boram တို့ဟာ သူတို့ရဲ့ Instagram မှာ လည်း ငြိမ်သက်နေခဲ့ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ T-ARA ၈ နှစ်ပြည့် Anniversary မှာ သူတို့ ၂ ယောက်ဟာ နေကြာပန်းပုံလေးတွေ 🌻🌻🌻IG မှာ တင်ပြီး ပရိတ်သတ်တွေကို သတိရကြောင်း ဖော်ပြခဲ့ကြပါတယ်။
(နေကြာပန်းဟာ T-ARA နဲ့ Queen's တွေကြားမှာအမှတ် တစ်ခုပါ)


Soyeon ဟာ သူမရဲ့ Instagram Bio မှာ "လျှောက်မတွေးကြပါနဲ့ ... ကျွန်မ ပြန်လာမှာပါ ကျေးဇူးပြုပြီး  စောင့်ပေးကြပါ...ပရိတ်သတ်တွေကို သတိရတယ်" ဆိုပြီး ရေးခဲ့ပါတယ်။

Boram ဟာလည်း ပြီးခဲ့တဲ့ ၃ လပိုင်း သူမ မွေးနေ့ပွဲ ပါတီမှာ "ကျွန်မတို့ ကုမ္ပဏီက ထွက်သွားကြမှာ T-ara က ထွက်သွားမှာ မဟုတ်ဘူး စောင့်ပေးကြပါ" လို့ ပြောခဲ့ဖူးပါတယ်။

T-ARA ဟာ What's My Name နဲ့ 1st win (Lovey Dovey ပြီးနောက်) ခဲ့ပြီး ယခုအချိန်မှာတော့ အဖွဲ့ဝင်အသီးသီးဟာ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ TV အစီအစဉ်များ အသီးသီး ရိုက်ကူးနေကြပါတယ်။

Soyeon နဲ့ Boram တို့ဟာ ၂၀၁၇ ၅ လပိုင်းတုန်းက MBK နဲ့ စာချုပ်ပြည့်ပြီး T-ARA ကနေ အနားယူသွားကြပါတယ်။ Qri Eunjung Hyomin Jiyeon တို့ဟာ လာမယ့် ၂၀၁၇ ဒီဇင်ဘာမှာ MBK နဲ့ စာချုပ်ပြည့်မှာ ဖြစ်ပီး ၂၀၁၈ မှာ T-ARA အဖွဲ့ ၆ ယောက်ပြန်လည် ပေါင်းစည်းဖို့ကို Queen's တွေ မျှော်လင့်စောင့်စားနေကြတာကတော့ မုချပါပဲ။







Kpop for Myanmar Admin team

Monday, September 11, 2017

"Girls' Generation 1979" အတွက် သူမရဲ့ ဇာတ်ညွှန်းနဲ့အတူ ဓါတ်ပုံရိုက်ခဲ့တဲ့ Dohee


"Girls' Generation 1979". အတွက် ဇာတ်ညွှန်းကို ကိုင်ပြီး Dohee တစ်ယောက် ဓါတ်ပုံရိုက်ထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ Dohee ဟာ မတူညီတဲ့ အ၀တ်အစား ၂ မျိုးနဲ့ ဇာတ်ညွှန်းကို ကိုင်ပြီး ဓါတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။
ပထမပုံမှာတော့ သူမဟာ ရှပ်အကျီင်္နဲ့ ပန့်အင်္ကျီကို ၀တ်ဆင်ထားပြီး ဒုတိယပုံမှာတော့ ယူနီဖောင်းလေးကို ၀တ်ဆင်ထားတာတွေ့ရမှာဖြစ်ပါတယ်။
"Girls' Generation 1979" ဆိုတာကတော့ အချစ်ဟာသ ဒရမ်မာဖြစ်ပြီး 1970 ၀န်းကျင်လောက်က ဆယ်ကျော်သက်ကောင်မလေးတွေ သူတို့ဘ၀ကို ဘယ်လိုဖြတ်သန်းကြီးပြင်းခဲ့လည်းဆိုတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Dohee ကတော့ Sim Ae Sook ဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရမှာဖြစ်ပြီး Acacia အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။
Kpop for Myanmar Admin team
 

2017 MAMA Awards ပွဲကြီး လာပါတော့မယ်!!

ဒီနှစ် MAMA ပွဲ ကို တော့ Vietnam, Japan, Hong Kong ၃နိုင်ငံမှာ လုပ်မှာ ဖြစ်ပါတယ်!

ပွဲရက် နဲ့ ကျင်းပမဲ့ နေရာတွေကတော့
11.25 Vietnam (Hoa Binh Theatre)
11.29 Japan (Yokohama Arena)
11.30 Hong Kong (W Hong Kong)
12.1 Hong Kong (AsiaWorld-Expo, Arena) တို့မှာပဲ ဖစ်ပါတယ်!
နိုင်ငံ ၃နိုင်ငံမှာ ၄ရက် ၄ပွဲ လုပ်မှာပါ!

MMA ( Melon Music Awards) ပွဲ က ၁၂လပိုင်း၂ရက်နေ့ ကိုးရီးယားမှာ ကျင်းပ မှာနော်!

၅ရက်ဆက်တိုက် တောင် awards show တွေ ကြည့်ရမှာနော်😅😅

ငယ်စဉ်ကတည်းက ခေသူမဟုတ်ခဲ့သော သရုပ်ဆောင် "Jo Bo ah"

 သရုပ်ဆောင် "Jo Bo Ah" ရဲ့ ငယ်စဉ် ကျောင်းသူဘ၀က ပုံတစ်ချို့ အွန်လိုင်းပေါ် ရောက်ရှိလာခဲ့ပါတယ်။ အဆိုပါ ပုံအရ သူမဟာ ငယ်စဉ်ကတည်းက ချောမောလှပသူတစ်ဥိးဖြစ်ကြောင်း သက်သေပြလျက်ရှိပါတယ်။
"Jo Bo Ah" ဟာ အခုလက်ရှိအချိန်မှာတော့ KBS Drama Special "Let's Meet, Joo-oh" မှာ "Son Ho-Jun" နဲ့အတူ ရိုက်ကူးမှုများ ပြုလုပ်လျက်ရှိပါတယ်။