ရွေးချယ်စရာများ

Saturday, September 16, 2017

Album အသစ်အတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကြံကြံခံပြီး ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုလာတဲ့ ELRIS





Girl group အဖွဲ့သစ်လေးဖြစ်တဲ့ ELRIS ဟာ အခုချိန်မှာဆိုရင် တမူဆန်းသစ်တဲ့ စတိုင်တွေ၊ ချစ်စရာပုံရိပ်တွေနဲ့ ပရိတ်သတ်အများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလို ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အလွယ်တကူရယူနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။


September 13 ရက်နေ့မှာ ELRIS အဖွဲ့ဟာ ဆိုးလ်မှာရှိတဲ့ Hongdae's Yes24 MUV Hall မှာ showcase တစ်ခု လုပ်သွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ELRIS အဖွဲ့ တစ်ဖွဲ့လုံးဟာ တခြားအဆိုတော်အဖွဲ့တွေလို showcase ကို အေးအေးဆေးဆေး ကျင်းပနိုင်တာမျိုးမဟုတ်ဘဲ အဖွဲ့ဝင်တိုင်း လိုလိုက album promotion အတွက် ပြင်ဆင်ဖို့ ပြေးလွှားနေရသလို တစ်ဘက်ကလည်း မီဒီယာများက မေးမြန်းလာတဲ့ မေးခွန်းတွေကို မနားမနေ ဖြေခဲ့ကြရပါတယ်။

အဖွဲ့ဝင် Sohee ရဲ့ပြောကြားချက်မှာ " ကျွန်မတို့ အကုန်လုံး ဒီ album ဖြစ်လာဖို့အတွက် ကြိုးစားခဲ့ရပါတယ်။ တချို့ အဖွဲ့ဝင်တွေက သူတို့ရဲ့ ပုံစံတွေကို အများကြီးပြောင်းပစ်ခဲ့ရပါတယ်။ အများဆုံး ပြောင်းရတာကတော့ ဆံပင်ပုံစံပေါ့နော်၊ အဖွဲ့ခေါင်းဆောင် Bella ဆိုရင် သူ့ရဲ့ ဆံပင်အရှည်ကြီးကို တိုတိုလေးဖြစ်အောင် ညှပ်ခဲ့ရပါတယ်။ ကျွန်မလည်း သိပ်မထူးပါဘူး...hair salon မှာ အချိန်အကြာကြီးပေးပြီး  ဦးရေပြားခြောက်အောင် လုပ်ခဲ့ရပါတယ်။ အဲ့တာက နည်းနည်းတော့ နာတယ်။ ဒါပေမယ့်လည်း album ကောင်းဖို့ပဲ စိတ်ထဲရှိနေတော့ နာကျင်မှုကို လျစ်လျူရှုနိုင်ခဲ့ပါတယ်" ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြောသွားပါတယ်။

showcase ကျင်းပနေစဉ်အတွင်းမှာ, အဖွဲ့ဝင် Yukyoung က သူမရဲ့ ဒုက္ခခံရမှုအပိုင်းကို ပြောကြားသွားပါတယ်။
"ကျွန်မလေ... ဆံပင်ကို အရောင်မျိုးစုံလည်း ဆိုးခဲ့ရတယ်။ ပြီးတော့ stage တွေ MV ရိုက်ကူးမှုတွေနဲ့ကိုက်အောင်လို့ဆိုပြီး ဆံပင်အခြောက်ခံတာကို အကြာကြီးလုပ်ခဲ့ရပါတယ်။ အစက ကျွန်မဆံပင်က ရွှေရောင်ဖျော့ဖျော့လေးပါ။ ဒါပေမယ့် MV အတွက် ပန်းရောင်ဆိုးခဲ့ရပါတယ်။ အဲ့မှာပြသနာက ရွှေရောင်ကနေ ပန်းရောင်ပြောင်းတာမှာ အချိန်အရမ်းကြာတဲ့အတွက် အကြာကြီး ထိုင်နေရလို့ တင်တွေတောင် အရမ်းနာခဲ့ရပါတယ်။" လို့ ရီစရာအဖြစ် ပြန်ပြောခဲ့ပါတယ်။

သူတို့အဖွဲ့ရဲ့ album နာမည်ကတော့ "Color Crush" ဖြစ်ပြီး main track ကတော့ "Pow Pow" ဖြစ်ပါတယ်။

အောက်ကလင့်ခ်မှာ MV ကို ကြည့်နိုင်ပါတယ်။

Kpop for Myanmar Admin team

No comments:

Post a Comment