ရွေးချယ်စရာများ

Friday, September 15, 2017

'M Countdown' သမိုင်းတလျောက်မှာ "power" နဲ့ အမှတ်အများဆုံး ရရှိခဲ့တဲ့ EXO

September 14 ရက်နေ့မှာ ကျင်းပခဲ့တဲ့ 'M Countdown' မှာ EXO အဖွဲ့က သူတို့ရဲ့ သီချင်းအသစ် "power" နဲ့ အောင်မြင်မှုသရဖူကို ဆွတ်ခူးခဲ့ပါတယ်။ "M Countdown" သမိုင်းတလျောက်မှာ အများဆုံးအမှတ်ဖြစ်တဲ့ အမှတ်ပေါင်း "11,000" နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အရင် အများဆုံးအမှတ် စံချိန်ကတော့ "10,988" နဲ့  2015 ခုနှစ်မှာ Girls' Generation အဖွဲ့က "Lion Heart" သီချင်းနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

အောက်က လင့်ခ်ကနေ video ကြည့်နိုင်ပါတယ်

Kpop for Myanmar Admin team.

>>By the way, KFM ကနေ EXO specialist admin တစ်ယောက်ကို ရွေးထားပြီးဖြစ်တဲ့အတွက် အရင်လို EXO သတင်းတွေ တင်မပေးဘူးဆိုတာမျိုး ဖြစ်တော့မှာမဟုတ်ပါဘူး။ စိတ်ရှည်ရှည်နဲ့ သည်းခံပြီး စောင့်ဆိုင်းပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်နော်။

No comments:

Post a Comment