ရွေးချယ်စရာများ

Friday, September 15, 2017

Concert ကိုတောင် ဖျက်လိုက်ရတဲ့ Car Accident ဖြစ်ပြီးနောက် update အကြောင်းအရာများကို ပရိတ်များထံ ပြောကြားလိုက်တဲ့ Source Music


 
September 9ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၅နာရီခွဲမှာ G-Friend အဖွဲ့ဟာ ကံမကောင်းစွာနဲ့ပဲ ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အဆိုပါ မတော်တဆမှုမှာ ကံကောင်းစွာနဲ့ အသေအပျောက်မရှိပေမယ့်လို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် ကျန်းမာရေးပြုစုမှုများ ပြုလုပ်ခဲ့ပြီး concert ကိုလည်း cancel လုပ်ခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး G-Friend ရဲ့ အေဂျင်စီမှ G-Friend အဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးအခြေအနေ update သတင်းနဲ့ ဘာ့ကြောင့် မတော်ဆမှုဖြစ်ခဲ့တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။


September 14 ရက်နေ့မှာ , G-Friend ရဲ့ အေဂျင်စီ Source Music မှ concert ကို cancel လုပ်လိုက်ရတဲ့အတွက် ပရိတ်သတ်တွေကို တောင်းပန်ကြောင်း၊ ယာဉ်မတော်တဆမှုမှာ G-Friend နှင့်အတူ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြား လူကြီးမင်းများကိုလည်း တောင်းပန်ကြောင်းနဲ့ ယခုလို မတော်တဆမှုဖြစ်ပွားတာဟာ မန်နေဂျာရဲ့ ယာဉ်ကိုပေါ့ဆစွာ မောင်းနှင်မှုကြောင့် ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။


.
ပြောကြားမှုအပြည့်အစုံမှာ--
"အခုလို မတော်တဆမှုဖြစ်တာဟာ မန်နေဂျာရဲ့ ယာဉ်ကို ပေါ့ဆစွာ မောင်းနှင်မှုကြောင့်ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ယာဉ်မတော်တဆမှုမှာ ထိခိုက်ခဲ့တဲ့သူများကို ယာဉ်မောင်းနှင်ခဲ့တဲ့ မန်နေဂျာနဲ့အတူ ကျွန်တော်တို့ Source Music ကလည်း ဝမ်းနည်းစွာနဲ့ တောင်းပန်အပ်ပါတယ်။ မတော်တဆမှုဖြစ်ပြီးနောက် G-Friend အဖွဲ့ဝင် Yerin ဟာ ညာဘက်လက်နဲ့ လက်ညိုးမှာ အစစ်လွဲသွားခဲ့ပါတယ်။ အခြား G-Friend အဖွဲ့ဝင်များနဲ့ ယာဉ်ပေါ်လိုက်ပါလာသူများကတော့ အသေးအဖွဲထိခိုက်မှုက လွဲပြီး တခြားထိခိုက်မှုများ မရှိပါဘူး" လို့ပြောကြားသွားပါတယ်။

Source Music မှ ထပ်မံပြောကြားချက်များမှာ -
 "INK concert မှ G-Friend ကို စောင့်မျှော်နေခဲ့တဲ့ ပရိတ်သတ်များအနေနဲ့ စိတ်ပူစေမိတဲ့အတွက် စိတ်မကောင်းပါဘူး။ လက်ရှိအချိန်မှာတော့ G-Friend အဖွဲ့ဝင်များဟာ အိမ်မှာအနားယူလျက်ရှိပြီး comeback လုပ်နိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။ နောက်ကို ဒီလို မတော်တဆမှုမျိုးမရှိအောင် ကျွန်တော်တို့ ပိုဂရုစိုက်ရတော့မှာဖြစ်ပါတယ်။" ဆိုပြီးပြောကြားသွားပါတယ်။

2014 ခုနှစ် September 3 ရက်နေ့တုန်းက ဖြစ်ခဲ့ တဲ့ ယာဉ်မတော်တဆမှုကြောင့် "Ladies' code" အဖွဲ့ဝင် "Rise  နဲ့ EunB" တို့ သေဆုံးခဲ့ရပါတယ်။ နောက်ထပ် ဒီလိုမျိုး ဝမ်းနည်းဖွယ်ရာ သတင်းတွေ မရှိစေဖို့ ဆုတောင်းလိုက်ရပါတယ်။
 Kpop for Myanmar Admin team

No comments:

Post a Comment