ရွေးချယ်စရာများ

Thursday, September 14, 2017

၂၀၁၇ အစောပိုင်းမှာ Boram နဲ့ Soyeon ဟာ MBK နဲ့ စာချုပ်ပြည့်ပြီး စာချုပ်ဆက်မချုပ်တော့တဲ့အတွက် T-ARA ရဲ့ လက်ရှိ Activities များမှာ ပါဝင်နိုင်ခြင်းမရှိတော့ပါ။


Boram နဲ့ Soyeon တို့ ထွက်သွားပြီးနောက် T-ARA ဟာ အဖွဲ့ဝင် ၄ ယောက် Qri Eunjung Hyomin Jiyeon တို့ သာ ပါဝင်တဲ့ "What's My Name" Mini Album ဖြန့်ချီခဲ့ပါတယ်။( Regular Version နဲ့ အခြား Version ၄ မျိုး ဖြန့်ချီခဲ့ပြီး Gaon Chart မှာ အခွေ ၅၀၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ )
T-ARA မှာ Soyeon နဲ့ Boram တို့ မပါဝင်တော့တဲ့အပေါ် ပရိတ်သတ်များကြား မတူညီတဲ့ ထင်မြင်ယူဆမှုတွေ ကွဲပြားခဲ့ပြီး ဝေဖန်မှုအချို့လည်း ရှိခဲ့ပါတယ်။

Soyeon နဲ့ Boram တို့ဟာ သူတို့ရဲ့ Instagram မှာ လည်း ငြိမ်သက်နေခဲ့ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ T-ARA ၈ နှစ်ပြည့် Anniversary မှာ သူတို့ ၂ ယောက်ဟာ နေကြာပန်းပုံလေးတွေ 🌻🌻🌻IG မှာ တင်ပြီး ပရိတ်သတ်တွေကို သတိရကြောင်း ဖော်ပြခဲ့ကြပါတယ်။
(နေကြာပန်းဟာ T-ARA နဲ့ Queen's တွေကြားမှာအမှတ် တစ်ခုပါ)


Soyeon ဟာ သူမရဲ့ Instagram Bio မှာ "လျှောက်မတွေးကြပါနဲ့ ... ကျွန်မ ပြန်လာမှာပါ ကျေးဇူးပြုပြီး  စောင့်ပေးကြပါ...ပရိတ်သတ်တွေကို သတိရတယ်" ဆိုပြီး ရေးခဲ့ပါတယ်။

Boram ဟာလည်း ပြီးခဲ့တဲ့ ၃ လပိုင်း သူမ မွေးနေ့ပွဲ ပါတီမှာ "ကျွန်မတို့ ကုမ္ပဏီက ထွက်သွားကြမှာ T-ara က ထွက်သွားမှာ မဟုတ်ဘူး စောင့်ပေးကြပါ" လို့ ပြောခဲ့ဖူးပါတယ်။

T-ARA ဟာ What's My Name နဲ့ 1st win (Lovey Dovey ပြီးနောက်) ခဲ့ပြီး ယခုအချိန်မှာတော့ အဖွဲ့ဝင်အသီးသီးဟာ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ TV အစီအစဉ်များ အသီးသီး ရိုက်ကူးနေကြပါတယ်။

Soyeon နဲ့ Boram တို့ဟာ ၂၀၁၇ ၅ လပိုင်းတုန်းက MBK နဲ့ စာချုပ်ပြည့်ပြီး T-ARA ကနေ အနားယူသွားကြပါတယ်။ Qri Eunjung Hyomin Jiyeon တို့ဟာ လာမယ့် ၂၀၁၇ ဒီဇင်ဘာမှာ MBK နဲ့ စာချုပ်ပြည့်မှာ ဖြစ်ပီး ၂၀၁၈ မှာ T-ARA အဖွဲ့ ၆ ယောက်ပြန်လည် ပေါင်းစည်းဖို့ကို Queen's တွေ မျှော်လင့်စောင့်စားနေကြတာကတော့ မုချပါပဲ။







Kpop for Myanmar Admin team

No comments:

Post a Comment