ရွေးချယ်စရာများ

Thursday, November 16, 2017

၂၀၁၆က MBC DRAMA AWARDS ပွဲမှာတွေ့ရတဲ့
Lee Jong Suk နဲ့  Han Hyo Joo တို့ပုံလေးတွေတင်ပေးလိုက်ပါတယ်နော်❤





သူတို့၂ဦးကို W_Two World ဒရမ်မာကစပြီး ဖန်တွေရဲ့ shipခြင်းကိုခံနေရတာအခုထိပါပဲနော်......💕💕💕
ခုချိန်ထိတော့ fan shipလေးတွေပဲရှိနေသေးပါတယ် ၂ဦးသားပတ်သက်မှုကမရေမရာပါ 😂😁😁

adminလဲသူတို့၂ဦးရဲ့ relastionship သတင်းကိုမျော်နေမိသူတယောက်ပါပဲ😇

#jongjoo_couple
#Admin_Mong
#kpop_for_myanmar
K-Breaking News.!
Lee Min Ho and Suzy Break up.!
Kpop Industry ရဲ့ နာမည်ကြီးစုံတွဲဖြစ်တဲ့ Suzy နဲ့ Lee Min Ho တို့ရဲ့ အချစ်လမ်းခရီးဟာ နှစ်နှစ်ကျော် သုံးနှစ်နီးပါးကြာပီးနောက် အဆုံးသတ်ခဲ့ပီဖြစ်ပါတယ်...
အဆိုပါသတင်းကို နှစ်ဖက် agency က အတည်ပြုလိုက်ပီ ဖြစ်ပါတယ်...!
ဒီလမှာ Kpop အတွဲတွေပြတ်တယ်ကွယ်..😔
#adminK


Wednesday, November 15, 2017

Variety Show "Seoul Mate" မှာ ပါဝင်မည့် Goo Hara
(နိုဝင်ဘာ ၁၅၊ ၂၀၁၇၊ Admin - Fatcat)


KARA အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Goo Hara ဟာ သူမရဲ့အိမ်သို့ နိုင်ငံခြားသားများဧည့်သည်များကို ခေါ်ယူပြီး"Seoul Mate" variety show ရိုက်ကူးဖို့ သဘောတူခဲ့ပါတယ်။ ယနေ့ထုတ် အနုပညာသတင်းစာများအရ "Seoul Mate" Variety Show မှာ ပါဝင်လာမည်လို့သိရပါတယ်။ A CJ E&M မှ ပြောရေးဆိုခွင့်ရှိသူမှ ဒီသတင်းဟာ မှန်ကန်ကြောင်းအတည်ပြုခဲ့ပြီး ဘယ်အချိန်မှာ ထုတ်လွှင့်မယ်ဆိုတာတော့ မသိသေးဘုးလို့ ပြောသွားပါတယ်။

“Seoul Mate” Variety Show ဟာ ကိုရီးယားနိုင်ငံမှာ နာမည်ကြီးတဲ့ show တစ်ခုဖြစ်ပါတယ်။ အဆိုပါ variety show ဟာ ကိုရီးယားနိုင်ငံက အနုပညာရှင်တွေက ကိုရီးယားကိုအလည်လာတဲ့ နိုင်ငံခြားသားတွေကို မိမိအိမ်သို့ ခေါ်ယူပြီး စကားတွေပြောကြ စားကြသောက်ကြတာကို ရိုက်ကူးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အခုလက်ရှိ ရိုက်နေတဲ့ အပိုင်းပြီးတာနဲ့ Goo Hara နဲ့ အပိုင်းကို စတင်ပြီး ရိုက်ကူးမှာဖြစ်ကြောင်းသိရပြီး ဘယ်အချိန်မှာ ထုတ်လွှင့်မယ်ဆိုတာတော့ မသိရှိရသေးဘူးဖြစ်ပါတယ်။ အဆိုပါ variety show ကို စနေနေ့တိုင်း Olive နဲ့ tvN မှာ ကိုရီးယားစံတော်ချိန် ညနေ ၆ မှာ ပြသလျက်ရှိပါတယ်။
Credit - Naver
EXO’s fourth solo concert in Seoul မှာ တက်ရောက်နိုင်ခြင်းမရှိတဲ့ Lay
(၂၀၁၇၊ နိုဝင်ဘာ ၁၅၊ Admin - Fatcat)

နိုဝင်ဘာ ၁၄ ရက်နေ့ SM Entertainment ရဲ့ တရားဝင် ကြော်ငြာချက်အရ Lay ဟာ ဖျက်လို့မရတဲ့ အချိန်စာရင်းတချို့ရှိနေတဲ့အတွက်ကြောင့်မို့လို့ ‘EXO PLANET #4 – The EℓyXiOn’ ကို ကျန်တဲ့ အဖွဲ့ဝင် ၈ ယောက်နဲ့ပဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲ့ဒီ concert ကို တာဝန်ယူကျင်းပတဲ့ Dream Maker Entertainment ကလည်း ထိုသတင်းကို အတည်ပြုခဲ့ပါတယ်။ အဆိုပါ EXO’s fourth solo concert tour ကို နိုဝင်ဘာ ၂၄ ရက်ကနေ ၂၆ရက်နေ့ထိ ကိုရီးယားနိုင်ငံ Seoul မှာ ကျင်းပသွားမှာဖြစ်ကြောင်းကို သိရပါတယ်။
Credit - TVreport
Japan မှာ ပြုလုပ်မည့် 2017 MAMA ပွဲမှာ Seo Kang Joon, Kim So Hyun, Sung Hoon, Lee Sun Bin, နဲ့ Lee Ho Jung တို့ presenter အနေနဲ့ တက်ရောက်မည်လို့ ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ November 29 ရက်နေ့ ဂျပန်မှာ ပြုလုပ်မယ့် MAMA ပွဲမှာ EXO-CBX, MONSTA X, SEVENTEEN, TWICE, နဲ့ Wanna One တို့လည်း လာရောက်ဖျော်ဖြေမှာဖြစ်ကြောင်းလည်း သိရပါတယ်။
Admin - Fatcat
Kpop for Myanmar KFM





JYP entertainment ရဲ့ audition မှာ ၀င်ရောက်ယှဉ်ပြိုင်ဖူးကြောင်း နဲ့ SECRET's Ji Eun နဲ့အတူ debut လုပ်ဖို့ စီစဉ်ခဲဖူးကြောင်း ပြောလာတဲ့ Sistar's Hyorin
(နိုဝင်ဘာ ၁၄၊ ၂၀၁၇၊ Admin - Fatcat)


November 12 ရက်နေ့က SBS' 'Fantastic Duo' ရိုက်ကူးရေးအတွင်းမှာ, Hyorin ဟာ solo artist တစ်ယောက်အနေနဲ့ စင်မြင့်ပေါ်မှာ ပထမဆုံး ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 
" ပရိတ်သတ်တွေကို ချပြဖို့အတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်လျက်ရှိပါတယ်။ ပြီးတော့ SISTAR အဖွဲ့ဝင်တစ်ဥိးအနေနဲ့ စင်မြင့်ပေါ်မှာ နေခဲ့ရစဉ်အခါတုန်းက အရမ်းကိုပျော်ရွှင်ခဲ့ရပြိး အမှတ်တရတွေလည်း အများကြီးရခဲ့ပါတယ်။ အဲ့ဒါတွေကြောင့်လည်း အခုလို စင်ပေါ်ကို နောက်တစ်ခေါက် ပြန်တက်လာဖို့ တွန်းအားပေးဖြစ်ခဲ့ပါတယ်။" လို့ ပြောကြားသွားပါတယ်။
ထပ်မံပြောကြားချက်တွေကတော့ " ကျွန်မအနေနဲ့ အရိုးသားဆုံး အပွင့်လင်းဆုံးပြောရမယ်ဆိုရင် JYP ရဲ့ public audition မှာ ပထမနေရာကိုရရှိခဲ့ပြီး Secret's Jieun, EXID's Hani, Bestie's Ujiတို့နဲ့အတူ တစ်ဖွဲ့တည်းမှာ debute လုပ်ဖို့ထိတောင် စီစဉ်ခဲ့ဖူးပါတယ်" လို့ပြောသွားခဲ့ပါတယ်။

SBS' 'Fantastic Duo' ရိုက်ကူးရေးအတွင်း သူမဟာ "Make You Crazy", "Let it Go", သီချင်းများသာမက GOT7 နဲ့ collaborate လုပ်ထားတဲ့ "Blue Moon" သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့ကြောင်းလည်း သိရပါတယ်။
효린, Hyorin (တစ်ချို့ကလည်း Hyolin) လို့ခေါ်တဲ့ သူမဟာ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ မွေးဖွားခဲ့ပြီး အမည်ရင်းကတော့ 김효정 Kim Hyo-jung ဖြစ်ပါတယ်။ ထို့အတူ Dazzling RED အဖွဲ့အမည်နဲ့ 4Minute’s Hyuna, SECRET’s Hyosung, After School’s Nana, KARA’s Nicole တို့နဲ့အတူ တွဲပြီး အလုပ်လုပ်ခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ သူမဟာ RnB & hip hop production team The Stereotypes နဲ့အတူ collaborate လုပ်လျက်ရှိပါတယ်။ Stereotypes ဟာ အရင်တုန်းက Seohyun, Taeyeon, NCT 127, Se7en, Minzy, Jessi တို့နဲ့အတူတူ collaborate လုပ်ခဲ့ဖူးကြောင်းလည်း သိရပါတယ်။
** ထို့အတူ သူမအနေနဲ့ Bridge လို့အမည်ရတဲ့ ကိုယ်ပိုင် အေဂျင်စီတစ်ခုကို တည်ထောင်ပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ သီချင်းသီဆိုမှုအပိုင်းမှာ bridge ဆိုတဲ့နေရာက သီချင်းရဲ့ အထွတ်အထိပ်ပိုင်းကို ရောက်အောင် ဆွဲခေါ်တဲ့နေရာမှာ အရမ်းအရေးကြီးတဲ့ နေရာဖြစ်လို့ သူမအနေနဲ့ ပရိတ်သတ်တွေကို ဆက်သွယ်တဲ့နေရာမှာ လေးနက်စေချင်တဲ့အတွက် အခုလို သူမရဲ့ အေဂျင်စီကို Bridge လို့ နာမည်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

Tuesday, November 14, 2017

(နိုဝင်ဘာ ၁၄, Admin - Fatcat)
Gangnam Police Station ကနေ နိုဝင်ဘာ ၁၄ ရက်နေ့မှာ သရုပ်ဆောင် Kim Joo Hyuk ရဲ့ မှုခင်းဆိုင်ရာ စစ်ဆေးချက်တချို့ကို ထုတ်ပြန်ခဲ့ပါတယ်။


Kim Joo Hyuk ရဲ့ ကားအတွင်းက black box ကို ပြန်ကြည့်လို့ရပြီလို့ ဆိုပါတယ်။ အဆိုပါ black box ကို National Forensic Service (NFS) အဖွဲ့က နိုဝင်ဘာ ၂ ရက်နေ့မှာ ကားထိုင်ခုံအောက်ထဲကနေ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ အဆိုပါ black box ကို ထပ်မံစစ်ဆေးရာမှာ recording video သာ ကြည့်ရှုလို့ရပြီး အသံကိုတော့ မကြားရဘူးလို့ဆိုပါတယ်။ အခုလတ်တလောမှာ NFS အနေနဲ့ တခြား အသံဖိုင်တွေ ရှိဦးမလားဆိုပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်းလည်း သိရပါတယ်။
(NFS) ရဲ့ နောက်ဆုံး ပြောကြားချက်အရ ယခုသေမှုသေခင်းဖြစ်စဉ်ဟာ ဦးခေါင်းခွံအက်ကွဲမှုဒဏ်ရာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ " နှလုံးကို ထိခိုက်ထားတာတော့ မတွေ့ရပါဘူး။ ဆေးစစ်ချက်တွေအရလည်း ဓါတ်မတည့်တဲ့ ရောဂါကို ကုသတဲ့ ဆေးတစ်ချို့ကိုပဲ တွေ့ခဲ့ရပါတယ်။ အရက်သေစာသောက်စားထားတာမရှိသလို ဆေးသုံးထားတာကိုလည်း မတွေ့ရပါဘူး" လို့လည်း ပြောကြားသွားပါတယ်။
ထပ်မံဖြည့်စွက်ချက်တွေအနေနဲ့ အဆိုပါအမှုကို ဆေးစစ်ချက်တွေ ထပ်မံပြုလုပ်တော့မှာမဟုတ်တော့ဘူးလို့ ပြောကြားသွားပါတယ်။ တကယ်လို့သာ ထပ်ပြီး သက်သေတွေ မရှိတော့ဘူးဆိုရင်တော့ ဒီ မတော်တဆမှုကို ဘာ့ကြောင့်ဖြစ်တယ်ဆိုတာ အမည်မတပ်တော့ဘူးလို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။
ယခုလက်ရှိစစ်ဆေးတွေ့ရှိချက်တွေကိုတော့ ဒီလကုန်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။
အဆိုပါ Kim Joo Hyuk ရဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်ဟာ အခုအချိန်ထိ အကြောင်းအရင်းရှာမတွေ့ဘဲ ထူးဆန်းသော ယာဉ်မတော်တဆမှုအနေနဲ့ ဆက်လက်ရှိနေဆဲပဲဖြစ်ပါတယ်။
Source (Naver)
Admin ဒီနေ့တော့ Boy group လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ။
အဖွဲ့နာမည်ကတော့ VICTON (빅톤)  ဖြစ်ပါတယ်။

Viction အဖွဲ့ဟာဆိုရင် အဖွဲ့ဝင် ၇ ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဖွဲ့ဝင် ၇ ယောက်ကတော့ Seungwoo, Seungsik, Heochan, Sejun, Hanse, Byungchan နဲ့ Subin ဖြစ်ပါတယ်. သူတို့အဖွဲ့ကိုတော့ နိုဝင်ဘာ ၉ ရက်နေ့မှာ Plan A entertainment ကနေပြီး ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။
Victon Fandom Name: ALICE (Always We Love the VoICE)
Victon Official Fan Colors: Blue Atoll and Blazing Yellow
Victon Official Accounts:
Twitter: Twitter
Instagram: Instagram
Facebook: Facebook
Official Website: Homepage
Youtube: Youtube
Fan Cafe: Daum Café
ကဲ အချက်အလက်တွေ စုံပြီဆိုတော့ တစ်ယောက်ချင်းဆီ မိတ်ဆက်ပေးတော့မယ်နော်။
ပထမဆုံး အဖွဲ့ဝင်အနေနဲ့ Seungwoo ကိုမိတ်ဆက်ပေးချင်ပါတယ်။
Stage Name: Seungwoo (승우)
Birth Name: Han Seung Woo (한승우)
Position: Leader, Lead Rapper, Lead Vocalist, Lead Dancer
Birthday: December 24, 1994
Zodiac Sign: Capricorn
Height: 184 cm (6’0″)
Weight: 63 kg (138 lbs)
Blood Type: B
Nationality: South Korean
သူ့ကိုတော့ ကိုရီးယားနိုင်ငံ ဘူဆန်မှာ မွေးဖွားခဲ့ပါတယ်။ ဘူဆန်သားလေးပေါ့နော်။သူ့မှာ အမနှစ်ယောက်ရှိပါတယ်တဲ့ တစ်ယောက်ကတော့ Secret အဖွဲ့က Han Sun Hwa ဖြစ်ပါတယ်တဲ့။ နာမည်ပြောင်တွေအနေနဲ့ သူ့ကို Seunggu, SixPacks, Captain လို့ခေါ်ကြပါတယ်။ အရင်တုန်းကတော့ သူဟာ ဘောလုံးသမားတစ်ယောက်ဖြစ်ချင်ခဲ့တာပါတဲ့။ သူဝါသနာပါတာတွေကတော့ စာရေးခြင်း၊ စာဖတ်ခြင်း၊ သီချင်းရေးခြင်းနဲ့ တစ်ယောက်လည်း ထီးထီးနေရတာပါတဲ့။ သူဟာ တော်တော်များများသောအရာတွေကို အဖော်မပါဘဲ တစ်ယောက်တည်း လုပ်နိုင်ပါတယ်တဲ့။ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တာတွေ၊ တစ်ယောက်တည်း ဆိုင်ကြီးကနားကြီးသွားပြီး စားသောက်တာတွေ နဲ့ တစ်ယောက်တည်း ကာရာအိုကေသွားဆိုတာတွေပါတဲ့။ သူအကြိုက်ဆုံးအစားအစာကတော့ အမဲသားပေါက်ဆုပ်လို ဟာမျိုးပါတဲ့။ သူ့ရဲ့ ဦးစားပေးအရာများအနေနဲ့ကတော့ ပထမအနေနဲ့ သူ့ကိုယ်သူပါတဲ့ ဒုတိယနေရာမှာတော့ သူ့ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ သူ့ရဲ့ ဘေးနားက ပတ်သတ်ရာပတ်သတ်ကြောင်းလူတွေပါတဲ့၊ တတိယနေရာမှာတော့ သူ့ရဲ့ အနာဂတ်ပါတဲ့။ သူ့အနေနဲ့ ဆုတောင်းသုံးခုသာရရင် ပထမဆုံးအနေနဲ့ သူ့ရဲ့အနာဂတ်ကို သူဖြစ်ချင်သလို ဖြစ်လာစေဖို့ရယ် ဒုတိယအနေနဲ့ မိသားစုဝင်တွေ ကျန်းကျန်းမာမာရှိဖို့ရယ်နဲ့ တတိယအနေနဲ့ နေ့တိုင်းနေ့တိုင်း သူ့အတွက် တစ်ခုမဟုတ် တစ်ခု တိုးတက်မှုတွေ ရချင်တယ်လို့ ဆုတောင်းခြင်ပါတယ်တဲ့။ သူအမုန်းဆုံးအရာတွေက ပိုးကောင်တွေနဲ့ ဖုန်တွေပါတဲ့။ တွဲပြီးအလုပ်လုပ်ချင်တဲ့ အနုပညာရှင်တွေအနေနဲ့ကတော့ G-Dragon, APink, Huhgak တို့နဲ့ အလုပ်လုပ်ချင်ပါတယ်တဲ့။ သူ့ရဲ့ အလေးစားရဆုံး လူတွေကတော့ G-Dragon နဲ့ Taeyang ပဲဖြစ်ပါတယ်တဲ့။ Seungwoo ဟာ အဖွဲ့ထဲမှာ အားကစားအလုပ်ဆုံးသူအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူကြိုက်တဲ့ မိန်းကလေးပုံစံကတော့ သူသတိထားမိမိ မထားမိမိ အေးအေးဆေးဆေးနဲ့ ပုံမှန်နေထိုင်တတ်တဲ့ မိန်းကလေးမျိုးပါတဲ့။
ကဲ ဒုတိယတစ်ယောက်အနေနဲ့ မိတ်ဆက်ပေးမှာကတော့ Seungsik ဖြစ်ပါတယ်။
Stage Name: Seungsik (승식)
Birth Name: Kang SeungSik (강승식)
Position: Main Vocalist
Birthday: April 16, 1995
Zodiac Sign: Aries
Height: 180 cm (5’11”)
Weight: 65 kg (143 lbs)
Blood Type: A
Nationality: South Korean
သူ့ကိုတော့ ကိုရီးယားနိုင်ငံ Gyeonggi မြို့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်ပြောင်ကတော့ Mom ပါတဲ့။ အဖွဲ့ဝင်တိုင်းက သူ့ကို ချစ်စနိုးနဲ့ အမြဲစတာ နောက်တာ ခံရပါတယ်တဲ့။ တွဲပြီး အလုပ်လုပ်ချင်တဲ့ အနုပညာရှင်ကတော့ Crush ဖြစ်ပါတယ်။ ၀ါသနာပါတာကတော့ စာရေးတာဖြစ်ပြီး စာရေးနည်းတွေကို လေ့လာနေပါတယ်တဲ့။ အဲ့လိုပဲ သူ့ရဲ့ အခန်းကို ရှင်းရတာကိုလည်း ၀ါသနာပါ ပါတယ်တဲ့ ဗျား။ ဘယ်လို ရန်ကြွေးရှိခဲ့လည်းတော့ မသိပေမယ့် သူအမုန်းဆုံးက သခွားသီးပါတဲ့။ သူ မအိပ်ခင်လုပ်တဲ့အရာတွေကတော့ အသားအရည်ထိန်းသိမ်းခြင်း၊ စိုထိုင်းမှုထိန်းစက်ထဲကို ရေဖြည့်တာနဲ့ သူရဲ့ အသံအိုးအတွက် ကောင်းတဲ့ အစားအစာကို စားတာတို့ပဲဖြစ်ပါတယ်။ သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာကတော့ Training Diary ပါတဲ့။ အဲ့စာအုပ်ထဲမှာဆိုရင် နေ့တိုင်း သူဘယ်လို train လုပ်ခဲ့တယ်ဆိုတာနဲ့ training လုပ်ချိန်တွေကို ရေးမှတ်ထားပါတယ်တဲ့။ သူ အလေးစားဆုံး လူကတော့ B2ST(ယခု Highlight) အဖွဲ့မှ Yoseob ဖြစ်ပါတယ်တဲ့။ သူအကြိုက်ဆုံး မိန်းကလေးပုံစံကတော့ ကျောင်းမှန်မှန်တက်တဲ့ မိန်းကလေးမျိုးဖြစ်ပါတယ်တဲ့။
ဟုတ်ကဲ့ပါ အခု တတိယတစ်ယောက်အနေနဲ့ Heochan ကိုမိတ်ဆက်ပေးပါမယ်။
Stage Name: Heochan (찬)
Birth Name: Heo Chan (허찬)
Position: Main Dancer, Vocalist
Birthday: December 14, 1995
Zodiac Sign: Sagittarius
Height: 177 cm (5’10”)
Weight: 62 kg (136 lbs)
Blood Type: A
Nationality: South Korean
သူ့ကိုတော့ ကိုးရီးယားနိုင်ငံ Seongnam မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ အကိုကတော့ Madtown မှ Heo Jun ဖြစ်ပါတယ်။ နာမည်ပြောင်အနေနဲ့ကတော့ သူ့ကို Agumon နဲ့ Dinosaur လို့ ခေါ်နိုင်ပါတယ်။  Heochan ဟာ BTOB အဖွဲ့မှ SungJae နဲ့အတူတူ Hanlim Multi Art School မှာ dance major နဲ့ တက်ရောက်ခဲ့ပါတယ်။ သူ့မှာ ပါးချိုင့်လေးတွေ ပါပါတယ်။ (ချိုင့်စိန် တစ်ယောက်ပေါ့နော်)။ သူဟာ Hip Hop ကို ချစ်မြတ်နိုးပါတယ်တဲ့။ စကားအရမ်းများတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ အဖွဲ့ထဲမှာ moodmaker တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ လက်တွဲပြီး အလုပ်လုပ်ချင်တဲ့ အနုပညာရှင်တွေက B2ST(ယခု Highlight) အဖွဲ့မှ Yong Junhyung နဲ့ B1A4 အဖွဲ့မှ Jinyoung တို့ပဲဖြစ်ပါတယ်။ သူ ၀ါသနာပါတာကတော့ Limited edition အ၀တ်အစားတွေနဲ့ ဖိနပ်တွေစုတာဖြစ်ပါတယ်။ သူအမုန်းဆုံးကတော့ ဆေးထိုးအပ်တွေဖြစ်ပါတယ်တဲ့။ သူ့ရဲ့အားသာချက်ကတော့ ဘာကိုပဲလုပ်လုပ် ဆုံးခန်းတိုင်အောင်လုပ်တတ်ပါတယ်တဲ့။ အားနည်းချက်ကတော့ အဲ့လိုဆုံးခန်းတိုင်အောင်လုပ်ပြီး အဲ့အရာကို အစွဲအလမ်းကြီးသွားတာဖြစ်ပါတယ်တဲ့။ သူဟာ ကောင်မလေးတွေနဲ့ မျက်နှာချင်းဆိုင်ရရင် အရမ်းရှက်တတ်တာကြောင့် သူရည်းစားစကားပြောရမယ်ဆိုရင် ဖုန်းနဲ့ပဲ ပြောဖြစ်လောက်တယ်လို့ ပြောသွားပါတယ်။

နောက်တစ်ယောက်အနေနဲ့ admin မိတ်ဆက်ပေးချင်တာကတော့ Sejun ဖြစ်ပါတယ်
Stage Name: Sejun (세준)
Birth Name: Lim Se-jun (임세준)
Position: Lead Vocalist, Visual, Face of the Group
Birthday: May 04, 1996
Zodiac Sign: Taurus
Height: 180 cm (5’11”)
Weight: 65 kg (143 lbs)
Blood Type: O
Nationality: South Korean
သူ့ရဲ့နာမည်ပြောင်တွေအနေနဲ့ Sweaty Sejun, Angry Hippo, Honey Boy, Squat King စသည်ဖြင့် ခေါ်နိုင်ပါတယ်။ သူဟာ အစားကြီးသူတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာလည်း ပါးချိုင့်လေးတွေ ပါပါတယ်။ တစ်ခါတစ်လေ သူ့မှာ ဖျက်လိုဖျက်ဆီးချင်တဲ့ စိတ်ကလေးတွေ ရှိတယ်လို့ ပြောကြပါတယ်။(လူဆိုးလေးတစ်ယောက်ပေါ့နော်)။ သူကတော့ BTS နဲ့ လက်တွဲပြီး အလုပ်လုပ်ချင်ပါတယ်တဲ့။ သူအခု လတ်တလော စိတ်ဝင်စားနေတာကတော့ ကျန်းမာရေးနဲ့ ပတ်သတ်တာတွေ ဖြစ်ပါတယ်တဲ့။ သူ မုန်းတာကတော့ သရဲတွေဖြစ်ပါတယ်တဲ့။ သူ တကယ်လို့ အိပ်မပျော်ဘူးဆိုရင် နောက်နေ့ ဘာတွေလုပ်စရာရှိလည်းဆိုတာ စဉ်းစားပြီး အစီအစဉ်တွေ ဆွဲတတ်ပါတယ်တဲ့။ သူမအိပ်ချင် လုပ်တာကတော့ သူ့ကိုသူ ဒီနေ့ အကောင်းဆုံးလုပ်ခဲ့တယ်ဆိုပြီး ပြောတာပဲဖြစ်ပါတယ်တဲ့။ သူ့ဘ၀မှာ အပျော်ဆုံးအချိန်က သူ စတိတ်စင်ပေါ်မှာရှိနေတုန်း ပရိတ်သတ်တွေက သူ့နာမည်ကို အော်လိုက်ချိန်ဖြစ်ပါတယ်တဲ့။ သူတကယ်လို့သာ မိန်းကလေးတစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်ဆိုရင် အဲ့မိန်းကလေးရဲ့ အိမ်ရှေ့မှာ သွားပြီး ချစ်ခွင့်ပန်ချင်တယ်လို့ ဆိုပါတယ်။ သူ အလေးစားဆုံး လူတွေကတော့ BTS’s Jimin, Dean, Seo Kangjun တို့ပဲဖြစ်ပါတယ်။ သူစိတ်ဝင်စားတဲ့ မိန်းကလေးပုံစံက သေချာတဲ့ဘ၀ရည်မှန်းချက်ရှိတဲ့ မိန်းကလေးမျိုးပါတဲ့။
နောက်တစ်ယောက်အနေနဲ့ Hanse ကိုမိတ်ဆက်ပေးပါမယ်
Stage Name: Hanse (한세)
Birth Name: Do HanSe (도한세)
Position: Main Rapper, Lead Dancer
Birthday: September 25, 1997
Zodiac Sign: Libra
Height: 176 cm (5’9″)
Weight: 62 kg (136 lbs)
Blood Type: A
Nationality: South Korean
သူ့ကို နာမည်ပြောင်အနေနဲ့ Sese လို့ ခေါ်နိုင်ပါတယ်။ သူ့မှာ အကိုတစ်ယောက်ရှိပါတယ်တဲ့။ သူဟာ ကြောင်နဲ့ ရေပြင်အကျယ်ကြီးတွေကို ကြောက်ပါတယ်တဲ့။ သူ့ပုံစံဟာ အေးစက်စက်နိုင်ပေမယ့် သေချာပေါင်းရင် ငပေါလေးတစ်ယောက်ပါတဲ့။ သူ စိတ်ဝင်စားတဲ့အလုပ်ကတော့ ၀ိတ်ချတာဖြစ်ပါတယ်တဲ့။ မကောင်းတဲ့ ပတ်ဝန်းကျင်အနေအထားကို သူမုန်းပါတယ်တဲ့။ တကယ်လို့သူသာ မိန်းကလေးတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီအဖွဲ့ထဲက ဘယ်သူနဲ့ date လုပ်ချင်လည်းလို့ မေးတော့ တစ်ယောက်နဲ့မှ မလုပ်ချင်ပါဘူး...ဘာဖြစ်လို့လည်းဆိုတော့ သူတို့အကြောင်းကို သိနေလို့လေ။ သူတို့နဲ့သာဆိုရင် တွဲနေတာထက် သူငယ်ချင်းအဆင့်ကပဲ ပိုကောင်းတယ် ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြောခဲ့ပါတယ်။ သူတို့အဖွဲ့ဆိုထားတဲ့ သီချင်းတွေထဲမှာ သူအကြိုက်ဆုံး သီချင်းကတော့ “Your Smile and You” ဖြစ်ပါတယ်တဲ့။ သူ့ရဲ့ဝါသနာကတော့ freestyle rap တွေ ရွတ်ရတာကို ဖြစ်ပါတယ်တဲ့။ သူဟာ အသားထဲမှာ ကြက်သားတစ်ခုထဲပဲ စားပါတယ်တဲ့။ သူအကြိုက်ဆုံး တေးသံရှင်တွေကတော့ Drake, Ty Dolla Sign, Ready တို့ဖြစ်ပြီး Hip Hop သီချင်းတွေကို​ ကြိုက်ပါတယ်တဲ့။ သူ အိပ်ယာမ၀င်ခင်လုပ်တာတွေကတော့ စိုထိုင်းစထိန်းစက်ကို ဖွင့်တာနဲ့ ဘုရားဝတ်ပြုတာဖြစ်ပါတယ်တဲ့။ သူဟာ ခြေထောက်နဲ့ ပစ္စည်းတွေကောက်တာ တော်ပါတယ်တဲ့။ သူအလေးစားဆုံး လူကတော့ Dinamyc Duo ဖြစ်ပါတယ်တဲ့။ 
နောက်ထပ်တစ်ယောက်အနေနဲ့ မိတ်ဆက်ပေးချင်တာကတော့ Byungchan ဖြစ်ပါတယ်။
Stage Name: Byungchan (병찬)
Real Name: Choi Byung-chan (최병찬)
Position: Vocalist, Visual
Birthday: November 12, 1997
Zodiac Sign: Scorpio
Height: 185 cm (6’1″)
Weight: 62 kg (136 lbs)
Blood Type: B
Nationality: South Korean
သူ့ကို ကိုရီးယားနိုင်ငံ Jeonju မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အဖွဲ့ထဲမှာ အရပ်အရှည်ဆုံးဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ပြောင်ကတော့ Giraffe, Model တို့ဖြစ်ပါတယ်။ သူလည်းပဲ ချိုင့်စိန်လေးတစ်ယောက် ဖြစ်ပါတယ်။
သူစိတ်ဝင်စားတဲ့ အရာတွေကတော့ ရှော့ပင်းထွက်ခြင်း၊ ဂိမ်းကစားခြင်းနဲ့ BigBang ဗီဒီယိုတွေ ကြည့်တာတို့ ဖြစ်ပါတယ်တဲ့။ သူကတော့ အာလူးနဲ့ ပင်လယ်စာတွေကို မကြိုက်ပါဘူးတဲ့။ သူတို့ဆိုထားတဲ့ သီချင်းထဲမှာ "I'm Fine" ကို သဘောအကျဆုံးပါတဲ့။ သူ့ရဲ့ အပျော်ဆုံးအချိန်ကတော့ ပရိတ်သတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ အချိန်ဖြစ်ပါတယ်တဲ့။ သူအသင်ချင်ဆုံးအရာကတော့ ကိုယ်ခံပညာပါတဲ့။ မိန်းကလေး သီချင်းတွေကို ကတဲ့နေရာမှာ အရမ်းတော်ပါတယ်တဲ့။ သူအလေးစားဆုံး အဖွဲ့ကတော့ BigBang ပါတဲ့။
ကဲ....နောက်ဆုံးတစ်ယောက်အနေနဲ့ကတော့ Subin ကိုမိတ်ဆက်ပေးပါမယ်။
Stage Name: Subin (수빈)
Birth Name: Jung Su-bin (정수빈)
Position: Vocalist, Rapper, Maknae
Birthday: April 05, 1999
Zodiac Sign: Aries
Height: 175 cm
Weight: 61 kg
Blood Type: AB
Nationality: South Korean
သူ့ကိုတော့ ကိုရီးယားနိုင်ငံ  Daejeon မှာ မွေးဖွားခဲ့ပါတယ်။ သူ့မှာ အမ ၃ယောက်တောင် ရှိပါတယ်တဲ့။ သူ့ရဲ့နာမည်ပြောင်ကတော့ Saiubin ဖြစ်ပါတယ်။ သူ့မှာ Jaws လို့ခေါ်တဲ့ ညှောင်လေး..အဲ မှားလို့...ကြောင်လေးတစ်ကောင်ရှိပါတယ်တဲ့။ Subin ကို CUBE Entertainment လက်အောက်က Pentagon အဖွဲ့ရဲ့ memmber တွေနဲ့ ဓါတ်ပုံတွေ အတူတူရိုက်ခဲ့ဖူးပါတယ်။ ထို့နောက် CUBE Entertainment မှာ former trainee တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သီချင်းနားထောင်ရတာကို သဘောကျပါတယ်တဲ့။ သူမကြိုက်တဲ့အရာတွေကတော့ ပူအိုက်တဲ့ရာသီဥတုရယ်၊ ညစ်ပတ်နေတဲ့အရာတွေနဲ့ ဆူညံတဲ့အရာတွေကို မကြိုက်ပါဘူးတဲ့။ အကြိုက်ဆုံး သီချင်းအမျိုးအစားကတော့ R&B ပါတဲ့။ သူမအိပ်ခင်လုပ်တဲ့ အရာတွေကတော့ ရေချိုးရင်း သူအကြိုက်ဆုံးသီချင်းတွေကို နားထောင်ရတာပါတဲ့။ အသက် ၃၀ မတိုင်ခင် ဖြစ်ချင်တဲ့အရာတစ်ခုကတော့ မှတ်ကျောက်တင်ခံရတဲ့ တေးသံရှင် တစ်ယောက်ဖြစ်ချင်ပါတယ်တဲ့။ သူ အလေးစားဆုံး လူတွေကတော့  G-Dragon နဲ့ Taeyang တို့ပဲဖြစ်ပါတယ်တဲ့။ သူ့မှာ Shih Tzu ခွေးအထီးလေး ၂ ကောင်လည်း ရှိပါသေးတယ်တဲ့။
ကဲ...ဒီလောက်ပါပဲနော်။ KFM ပရိတ်သတ်ကြီးတွေအနေနဲ့ stan ချင်သလောက် stan နိုင်ပါစေလို့ ဆုတောင်းရင်း....
Admin - Fatcat
Save The Children Campaign မှာ ပါဝင်ကူညီမည့် Wanna One
(၂၀၁၇ နိုဝင်ဘာ ၁၃ - admin Fatcat)


ဒီကနေ့ နိုဝင်ဘာ ၁၃ရက်နေ့ Wanna One ရဲ့ ,repackaged album “1-1=0 (NOTHING WITHOUT YOU) ထွက်ရှိခြင်း အစည်းအဝေးပွဲမှာ Save The Children Campaign မှာ ပါဝင်လှုပ်ရှားနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Save the Children အဖွဲ့အစည်းဟာဆိုရင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ကလေးတွေအတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
Wanna One ဟာ Save the Children အတွက် “Christmas Jumper Day,” အမည်ရ ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ပြုလုပ်တာဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်အတွင်း Wanna One အဖွဲ့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ကလေးတွေအတွက် အကာအကွယ်ပေးဖို့ လိုအပ်နေကြောင်းနဲ့ ပညာရေးတိုးတက်မြင့်မားရန် ဖော်ဆောင်ပေးဖို့လိုကြောင်းကို ဆွေးနွေးတင်ပြသွားမယ်လို့လည်း သိရပါတယ်။

Wanna One အဖွဲ့ဝ် Lee Dae Hwi ပြောကြားချက်အရ “ ကျွန်တော်တို့အနေနဲ့ ပရိတ်သတ်တွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေကို အခုလို ပြန်ပြီး မျှဝေပေးနိုင်တော့မှာဖြစ်ပါတယ်။ လူတိုင်း လူတိုင်းကလည်း ဒီအစီအစဉ်မှာ ပါဝင်လာမယ်ဆိုရင် ပိုပြီးကောင်းပါတယ်" လို့ ပြောကြားသွားပါတယ်။
လက်တလောမှာတော့ Wanna One အဖွဲ့ဟာ "Beautiful" ဆိုတဲ့ သီချင်းနဲ့ comeback လုပ်ထားပါတယ်။
အောက်ကလင့်ခ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/watch?v=o4_tHTmniw4
Source >> thestar (chosun)