ရွေးချယ်စရာများ

Tuesday, November 14, 2017

(နိုဝင်ဘာ ၁၄, Admin - Fatcat)
Gangnam Police Station ကနေ နိုဝင်ဘာ ၁၄ ရက်နေ့မှာ သရုပ်ဆောင် Kim Joo Hyuk ရဲ့ မှုခင်းဆိုင်ရာ စစ်ဆေးချက်တချို့ကို ထုတ်ပြန်ခဲ့ပါတယ်။


Kim Joo Hyuk ရဲ့ ကားအတွင်းက black box ကို ပြန်ကြည့်လို့ရပြီလို့ ဆိုပါတယ်။ အဆိုပါ black box ကို National Forensic Service (NFS) အဖွဲ့က နိုဝင်ဘာ ၂ ရက်နေ့မှာ ကားထိုင်ခုံအောက်ထဲကနေ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ အဆိုပါ black box ကို ထပ်မံစစ်ဆေးရာမှာ recording video သာ ကြည့်ရှုလို့ရပြီး အသံကိုတော့ မကြားရဘူးလို့ဆိုပါတယ်။ အခုလတ်တလောမှာ NFS အနေနဲ့ တခြား အသံဖိုင်တွေ ရှိဦးမလားဆိုပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်းလည်း သိရပါတယ်။
(NFS) ရဲ့ နောက်ဆုံး ပြောကြားချက်အရ ယခုသေမှုသေခင်းဖြစ်စဉ်ဟာ ဦးခေါင်းခွံအက်ကွဲမှုဒဏ်ရာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ " နှလုံးကို ထိခိုက်ထားတာတော့ မတွေ့ရပါဘူး။ ဆေးစစ်ချက်တွေအရလည်း ဓါတ်မတည့်တဲ့ ရောဂါကို ကုသတဲ့ ဆေးတစ်ချို့ကိုပဲ တွေ့ခဲ့ရပါတယ်။ အရက်သေစာသောက်စားထားတာမရှိသလို ဆေးသုံးထားတာကိုလည်း မတွေ့ရပါဘူး" လို့လည်း ပြောကြားသွားပါတယ်။
ထပ်မံဖြည့်စွက်ချက်တွေအနေနဲ့ အဆိုပါအမှုကို ဆေးစစ်ချက်တွေ ထပ်မံပြုလုပ်တော့မှာမဟုတ်တော့ဘူးလို့ ပြောကြားသွားပါတယ်။ တကယ်လို့သာ ထပ်ပြီး သက်သေတွေ မရှိတော့ဘူးဆိုရင်တော့ ဒီ မတော်တဆမှုကို ဘာ့ကြောင့်ဖြစ်တယ်ဆိုတာ အမည်မတပ်တော့ဘူးလို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။
ယခုလက်ရှိစစ်ဆေးတွေ့ရှိချက်တွေကိုတော့ ဒီလကုန်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။
အဆိုပါ Kim Joo Hyuk ရဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်ဟာ အခုအချိန်ထိ အကြောင်းအရင်းရှာမတွေ့ဘဲ ထူးဆန်းသော ယာဉ်မတော်တဆမှုအနေနဲ့ ဆက်လက်ရှိနေဆဲပဲဖြစ်ပါတယ်။
Source (Naver)

No comments:

Post a Comment