ရွေးချယ်စရာများ

Wednesday, November 15, 2017

JYP entertainment ရဲ့ audition မှာ ၀င်ရောက်ယှဉ်ပြိုင်ဖူးကြောင်း နဲ့ SECRET's Ji Eun နဲ့အတူ debut လုပ်ဖို့ စီစဉ်ခဲဖူးကြောင်း ပြောလာတဲ့ Sistar's Hyorin
(နိုဝင်ဘာ ၁၄၊ ၂၀၁၇၊ Admin - Fatcat)


November 12 ရက်နေ့က SBS' 'Fantastic Duo' ရိုက်ကူးရေးအတွင်းမှာ, Hyorin ဟာ solo artist တစ်ယောက်အနေနဲ့ စင်မြင့်ပေါ်မှာ ပထမဆုံး ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 
" ပရိတ်သတ်တွေကို ချပြဖို့အတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်လျက်ရှိပါတယ်။ ပြီးတော့ SISTAR အဖွဲ့ဝင်တစ်ဥိးအနေနဲ့ စင်မြင့်ပေါ်မှာ နေခဲ့ရစဉ်အခါတုန်းက အရမ်းကိုပျော်ရွှင်ခဲ့ရပြိး အမှတ်တရတွေလည်း အများကြီးရခဲ့ပါတယ်။ အဲ့ဒါတွေကြောင့်လည်း အခုလို စင်ပေါ်ကို နောက်တစ်ခေါက် ပြန်တက်လာဖို့ တွန်းအားပေးဖြစ်ခဲ့ပါတယ်။" လို့ ပြောကြားသွားပါတယ်။
ထပ်မံပြောကြားချက်တွေကတော့ " ကျွန်မအနေနဲ့ အရိုးသားဆုံး အပွင့်လင်းဆုံးပြောရမယ်ဆိုရင် JYP ရဲ့ public audition မှာ ပထမနေရာကိုရရှိခဲ့ပြီး Secret's Jieun, EXID's Hani, Bestie's Ujiတို့နဲ့အတူ တစ်ဖွဲ့တည်းမှာ debute လုပ်ဖို့ထိတောင် စီစဉ်ခဲ့ဖူးပါတယ်" လို့ပြောသွားခဲ့ပါတယ်။

SBS' 'Fantastic Duo' ရိုက်ကူးရေးအတွင်း သူမဟာ "Make You Crazy", "Let it Go", သီချင်းများသာမက GOT7 နဲ့ collaborate လုပ်ထားတဲ့ "Blue Moon" သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့ကြောင်းလည်း သိရပါတယ်။
효린, Hyorin (တစ်ချို့ကလည်း Hyolin) လို့ခေါ်တဲ့ သူမဟာ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ မွေးဖွားခဲ့ပြီး အမည်ရင်းကတော့ 김효정 Kim Hyo-jung ဖြစ်ပါတယ်။ ထို့အတူ Dazzling RED အဖွဲ့အမည်နဲ့ 4Minute’s Hyuna, SECRET’s Hyosung, After School’s Nana, KARA’s Nicole တို့နဲ့အတူ တွဲပြီး အလုပ်လုပ်ခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ သူမဟာ RnB & hip hop production team The Stereotypes နဲ့အတူ collaborate လုပ်လျက်ရှိပါတယ်။ Stereotypes ဟာ အရင်တုန်းက Seohyun, Taeyeon, NCT 127, Se7en, Minzy, Jessi တို့နဲ့အတူတူ collaborate လုပ်ခဲ့ဖူးကြောင်းလည်း သိရပါတယ်။
** ထို့အတူ သူမအနေနဲ့ Bridge လို့အမည်ရတဲ့ ကိုယ်ပိုင် အေဂျင်စီတစ်ခုကို တည်ထောင်ပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ သီချင်းသီဆိုမှုအပိုင်းမှာ bridge ဆိုတဲ့နေရာက သီချင်းရဲ့ အထွတ်အထိပ်ပိုင်းကို ရောက်အောင် ဆွဲခေါ်တဲ့နေရာမှာ အရမ်းအရေးကြီးတဲ့ နေရာဖြစ်လို့ သူမအနေနဲ့ ပရိတ်သတ်တွေကို ဆက်သွယ်တဲ့နေရာမှာ လေးနက်စေချင်တဲ့အတွက် အခုလို သူမရဲ့ အေဂျင်စီကို Bridge လို့ နာမည်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

No comments:

Post a Comment