Variety Show "Seoul Mate" မှာ ပါဝင်မည့် Goo Hara
KARA အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Goo Hara ဟာ သူမရဲ့အိမ်သို့ နိုင်ငံခြားသားများဧည့်သည်များကို ခေါ်ယူပြီး"Seoul Mate" variety show ရိုက်ကူးဖို့ သဘောတူခဲ့ပါတယ်။ ယနေ့ထုတ် အနုပညာသတင်းစာများအရ "Seoul Mate" Variety Show မှာ ပါဝင်လာမည်လို့သိရပါတယ်။ A CJ E&M မှ ပြောရေးဆိုခွင့်ရှိသူမှ ဒီသတင်းဟာ မှန်ကန်ကြောင်းအတည်ပြုခဲ့ပြီး ဘယ်အချိန်မှာ ထုတ်လွှင့်မယ်ဆိုတာတော့ မသိသေးဘုးလို့ ပြောသွားပါတယ်။
“Seoul Mate” Variety Show ဟာ ကိုရီးယားနိုင်ငံမှာ နာမည်ကြီးတဲ့ show တစ်ခုဖြစ်ပါတယ်။ အဆိုပါ variety show ဟာ ကိုရီးယားနိုင်ငံက အနုပညာရှင်တွေက ကိုရီးယားကိုအလည်လာတဲ့ နိုင်ငံခြားသားတွေကို မိမိအိမ်သို့ ခေါ်ယူပြီး စကားတွေပြောကြ စားကြသောက်ကြတာကို ရိုက်ကူးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အခုလက်ရှိ ရိုက်နေတဲ့ အပိုင်းပြီးတာနဲ့ Goo Hara နဲ့ အပိုင်းကို စတင်ပြီး ရိုက်ကူးမှာဖြစ်ကြောင်းသိရပြီး ဘယ်အချိန်မှာ ထုတ်လွှင့်မယ်ဆိုတာတော့ မသိရှိရသေးဘူးဖြစ်ပါတယ်။ အဆိုပါ variety show ကို စနေနေ့တိုင်း Olive နဲ့ tvN မှာ ကိုရီးယားစံတော်ချိန် ညနေ ၆ မှာ ပြသလျက်ရှိပါတယ်။
Credit - Naver
No comments:
Post a Comment