ရွေးချယ်စရာများ

Tuesday, November 14, 2017

Save The Children Campaign မှာ ပါဝင်ကူညီမည့် Wanna One
(၂၀၁၇ နိုဝင်ဘာ ၁၃ - admin Fatcat)


ဒီကနေ့ နိုဝင်ဘာ ၁၃ရက်နေ့ Wanna One ရဲ့ ,repackaged album “1-1=0 (NOTHING WITHOUT YOU) ထွက်ရှိခြင်း အစည်းအဝေးပွဲမှာ Save The Children Campaign မှာ ပါဝင်လှုပ်ရှားနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Save the Children အဖွဲ့အစည်းဟာဆိုရင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ကလေးတွေအတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
Wanna One ဟာ Save the Children အတွက် “Christmas Jumper Day,” အမည်ရ ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ပြုလုပ်တာဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်အတွင်း Wanna One အဖွဲ့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ကလေးတွေအတွက် အကာအကွယ်ပေးဖို့ လိုအပ်နေကြောင်းနဲ့ ပညာရေးတိုးတက်မြင့်မားရန် ဖော်ဆောင်ပေးဖို့လိုကြောင်းကို ဆွေးနွေးတင်ပြသွားမယ်လို့လည်း သိရပါတယ်။

Wanna One အဖွဲ့ဝ် Lee Dae Hwi ပြောကြားချက်အရ “ ကျွန်တော်တို့အနေနဲ့ ပရိတ်သတ်တွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေကို အခုလို ပြန်ပြီး မျှဝေပေးနိုင်တော့မှာဖြစ်ပါတယ်။ လူတိုင်း လူတိုင်းကလည်း ဒီအစီအစဉ်မှာ ပါဝင်လာမယ်ဆိုရင် ပိုပြီးကောင်းပါတယ်" လို့ ပြောကြားသွားပါတယ်။
လက်တလောမှာတော့ Wanna One အဖွဲ့ဟာ "Beautiful" ဆိုတဲ့ သီချင်းနဲ့ comeback လုပ်ထားပါတယ်။
အောက်ကလင့်ခ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/watch?v=o4_tHTmniw4
Source >> thestar (chosun)

No comments:

Post a Comment