ရွေးချယ်စရာများ

Saturday, September 23, 2017

"အနုပညာရှင်တွေဆိုတာ ကိုယ်နေချင်သလိုနေလို့ မရဘူး၊ အခက်အခဲတွေ အများကြီးရှိတယ်" လို့ တက်သစ်စ အနုပညာရှင်များကို သတိပေးလိုက်တဲ့ SuJu မှ Heechul
 
TV program တစ်ခုဖြစ်တဲ့ "Idol School" မှာ Suju အဖွဲ့မှ Heechul က အနုပညာရှင်တစ်ယောက်ရဲ့ အခက်အခဲတွေကို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ "Idol School" ရဲ့ ဒီတစ်ပတ် episode မှာ တက်သစ်စ လူငယ် အနုပညာရှင်လေးတွေကို အကြံပေးချင်ပါတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။


"တက်သစ်စ အနုပညာရှင်တွေအနေနဲ့ ပထမဆုံး ပွဲဦးထွက်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်။ ကျွန်တော်လည်း ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်က ကျွန်တော့်စိတ်ထဲရှိတဲ အတိုင်း လွပ်လွပ်လပ်လပ်နေချင်တယ်....ဒါပေမယ့် နေလို့မရတော့ပါဘူး"။ အခုလို "Idol School ကို မလာချင်လို့လည်း မလာလို့မရဘူးလေ..." ဆိုပြီး ဟာသရောကာ ပြောသွားပါတယ်။

ဒါ့အပြင် Heechul က အနုပညာရှင်တိုင်း တွေ့ကြုံလာရနိုင်တဲ့ ကောလဟာလတွေ၊ စကားနာထိုးတဲ့ comment တွေ၊ anti fan တွေကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ခံစားမှုတွေနဲ့ပတ်သတ်ပြီးတော့လည်း "တကယ်လို့ အနုပညာရှင်တစ်ယောက်က အနုပညာလမ်းပေါ်မှာ စပြီးလျောက်လှမ်းပြီဆိုတာနဲ့ ဝေဖန်မှုတွေ တိုက်ခိုက်မှုတွေကို ကြံကြံခံနိုင်အောင် ပြင်ဆင်ထားသင့်သလို အင်တာနက်ပေါ်မှာ မိမိကိုဝေဖန်နေတာတွေကို ဖတ်ကြည့်ပြီး ကိုယ့်ကိုယ်ကို သုံးသပ်ဖို့လည်း လိုမယ်"လို့ အကြံပေးသွားပါတယ်။

Heechul ဟာ online comment တွေနဲ့ပတ်သတ်ပြီး တက်သစ်စ အနုပညာရှင်များကို ပြောကြားသွားတာကတော့ " comment တွေကို ဖတ်ကြည့်ပြီးပြီဆိုတာနဲ့ ၊ ကျွန်တော်ပြောရဲပါတယ်၊ ကောင်းတာရေးတဲ့ comment 99% လောက်ကိုမေ့သွားပြီး မိမိအကြောင်း မကောင်းတာရေးထားတဲ့ 1% comment တွေပေါ်မှာ စိတ်ခံစားမှုတွေ ထားတတ်ကြပါတယ်။ အဲ့တာရဲ့ အကျိုးဆက်က ကိုယ့် ယုံကြည်မှုကို ကိုယ်ပျောက်ဆုံးသွားနိုင်တယ်၊ stage performance တွေမှာလည်း အရမ်းကြီး sensitive ဖြစ်ပြီး အနုပညာရှင်ကောင်းတစ်ယေက် မဖြစ်နိုင်တော့ပါဘူး။ အဲ့တာကြောင့် ကိုယ့်မကောင်းကြောင်းပြောနေတဲ့ 1%ကို ဂရုစိုက်မနေဘဲနဲ့ ကောင်းကြောင်းရေးထားတဲ့ 99% အပေါ်မှာ ပျော်ရွင်မှုကိုရှာပါ" ဆိုပြီး ပြောကြားသွားပါတယ်။
Kpop for Myanmar Admin team

No comments:

Post a Comment