Comeback ကို January လသို့ နောက်ဆုတ်လိုက်တဲ့ Infinite
---ဒီနှစ်မကုန်ခင်မှာပဲ comeback လုပ်မယ်လို့ ကြော်ငြာထားတဲ့ Infinite ဟာ ဒီနေ့ နိုဝင်ဘာ ၂၁ မှာပဲ သူတို့ comeback လုပ်မယ့် album ကို အရည်အသွေးမြင့်ဖို့ လုပ်နေတာကြောင့် comeback လုပ်မယ့်အချိန်ကို နောက်ဆုတ်လိုက်ပါတယ်။
Woollim Entertainment ရဲ့အဆိုအရ Infinite အဖွဲ့ဟာ ဇန်န၀ါရီလမှာ comeback လုပ်နိုင်မှာဖြစ်ပြီး အချိန်အတိအကျတော့ မပြောနိုင်သေးဘူးလို့ သိရပါတယ်။ အခုအချိန်မှာ infinite အဖွဲ့အနေနဲ့ သီချင်းများ အသံသွင်းနေလျက်ရှိပြီး album ကိုလည်း အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။
အဆိုပါ comeback ဟာ Infinite အနေနဲ့ Hoya မပါဘဲ အဖွဲ့ဝင် ၆ ယောက်နဲ့လုပ်တဲ့ ပထမဆုံး comeback လည်းဖြစ်ပါတယ်။
Credit - naver
No comments:
Post a Comment