ကိုရီးယားသီချင်း မြန်မာဘာသာပြန်များ၊ hot အဖြစ်ဆုံးသတင်းများ၊ အသစ်ထွက်ရှိလာမယ့် သီချင်းများ။ သီချင်းသစ်များဖြင့် ဝေေ၀ဆာဆာတင်ဆက်ပေးမည့် Kpop for Myanmar (KFM)
Monday, November 9, 2015
DSP Media ရဲ့ကြေညာချက်အရ April အဖွဲ့ရဲ့ ခေါင်းဆောင် Somin အဖွဲ့မှထွက်ရန်ရှိ
DSP Media မှ “April အဖွဲ့ကို ၅ ယောက်အဖွဲ့ဖြင့်သာပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ပြီး Somin ပါဝင်တော့မှာ မဟုတ်ဘူး"လို့ပြောကြားသွားပါတယ်။
ထပ်မံပြောကြားချက်များမှာ “Somin ဟာအဖွဲ့မှထွက်သွားသော်လည်း သူမရဲ့ agency DSP နဲ့လက်တွဲဖြုတ်တာမျိုးမဟုတ်ပဲ DPS မှ အထောက်အပံ့များ အားပေးမှုများကို ဆက်လက်ပေးသွားမယ်လို့" ပြောကြားသွားပါတယ်။ August လမှာ ထွက်ရှိလာတဲ့ “Dream Candy.” နဲ့ နာမည်ကြီးလာတဲ့ April အဖွဲ့ဟာဆိုရင် ယခုလ November မှာပြုလုပ်မယ့် comeback အတွက် အဖွဲ့ဝင် ၅ ယောက်နဲ့ပဲပြုလုပ်သွားတော့မှာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment