ရွေးချယ်စရာများ

Tuesday, November 10, 2015


ဒီနှစ် ဆောင်းရာသီအတွင်းမှာပဲ T-ara’s Hyomin. ရဲ့ come back ပေါ်ထွက်လာမည်လား  ??? ?????
>>  T-ara‘s Hyomin က သူမရဲ့  solo comeback အတွက်ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်လာပါတယ်။ November 7 ရက်နေ့တုန်းက  Hyomin ဟာ သူမရဲ့ Instagram account မှာ come back အတွက် ပြင်ဆင်နေတယ်လို့ယူဆရတဲ့ ဓာတ်ပုံတစ်ချို့ကို တင်ခဲ့ပါတယ်။သူမဟာ  “last summer, this winter” ဆိုပြီး ဓာတ်ပုံကို caption တပ်ပြီး တင်ခဲ့ပါတယ်။ Hyomin ရဲ့  “Nice Body” အမည်ရ solo album ဟာဆိုရင် မနှစ်နွေရာသီက ထွက်ရှိခဲ့တာဖြစ်တဲ့အတွက် "last summer this winter" ဆိုတဲ့ caption ဟာ ဒီနှစ်ဆောင်းရာသီမှာ Hyominရဲ့ solo come back ပြုလုပ်မယ့်ဟာကို ရည်ညွှန်းထားသကဲ့သို့ ဖြစ်နေပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ Naver V App’s မှာ ပြသခဲ့တဲ့ “T-ara vs. DIA Midnight Cooking Competition.” မှာဆိုရင် Eunjung က Hyomin ကို album တစ်ခုအတွက် ပြင်ဆင်နေတယ်ဆိုတာ ဟုတ်လားလို့ မေးခွန်းထုတ်ခဲ့မှုအပေါ် Hyomin က “ကျွန်မအနေနဲ့ ဒီနေရာမှာတော့ ပြောခွင့်မရှိပါဘူး ဒါပေမယ့် solo album အတွက်ပြင်ဆင်နေတာတော့ ဟုတ်ပါတယ်"လို့ ဖြေကြားခဲ့ပါတယ်။

No comments:

Post a Comment