ရွေးချယ်စရာများ

Sunday, October 15, 2017

ကဲ admin ဒီနေ့တော့ အဖွဲ့သစ်ကလေးတစ်ဖွဲ့နဲ့ ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။ အဖွဲ့နာမည်ကတော့ Golden Child ပါ... အတိုကောက်ကတော့ GC ပေါ့နော်။

GC အဖွဲ့ကို Daeyeol, Y, Jaeseok, Jangjun, TAG, Seungmin, Jaehyun, Jibeom, Donghyun, Joochan, နဲ့ Bomin ဆိုပြီးတော့ အဖွဲ့ဝင် ၁၁ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ WoW...အင်အားတောင့်တယ်နော် ;)
Woolim Entertainment ကနေပြီးတော့မှ August 28, 2017 မှာ ‘DamDaDi’ ဆိုတဲ့သီချင်းနဲ့ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ page မှာ ဘာသာပြန်ပြီးပြီနော်။ youtube မှာလည်း ရှိပါတယ်။ ( ကြော်ငြာဝင်တာ ဟဲဟဲ)
GC ရဲ့ official account တွေ ကတော့
Twitter - https://twitter.com/Official_GNCD
Facebook - https://facebook.com/gncd11?_rdc=1&_rdr
Fan Cafe - http://cafe.daum.net/GoldenChild
IG - https://www.instagram.com/official_gncd11/
Vlive - http://channels.vlive.tv/E093D3/video
တွေပဲဖြစ်ပါတယ်။
ကဲ အဖွဲ့လိုက်ပြောပြီးပြီဆိုတော့ကာ....တစ်ယောက်ချင်းဆီ မိတ်ဆက်ပေးတော့မယ်နော်.... တစ်ယောက်ချင်းဆီရဲ့ ပုံလေးတွေကို ထောက်ကြည့်လိုက်နော်။

Stage Name: Daeyeol (대열)
Birth Name: Lee Daeyeol (이대열)
Position: Leader, Lead Dancer, Lead Vocalist
Birthday: February 11, 1993
Zodiac Sign: Aquarius
Blood Type: B
Jersey Number: 11
Daeyeol ကို Gyeonggi-do, Yongin, South Korea မှာ မွေးဖွားခဲ့ပါတယ်။ Infinite အဖွဲ့က Sungyeol ရဲ့ ညီတစ်ယောက်ဖြစ်ပြီး 2012 ခုနှစ်ကတည်းကတိုင် trainee ဆင်းနေခဲ့တာဖြစ်ပါတယ်။ ကလေးဘ၀တုန်းကတော့ လူကန့်လန့်လေးဖြစ်ခဲ့ပါတယ်တဲ့။ ဘယ်သူနဲ့မှလည်း စကားမပြောဘဲ အမြဲရှက်နေတဲ့အတွက်ကြောင့်မို့လို့ သူ့ကို သူ့သူငယ်ချင်းတွေက ရှိတယ်လို့တောင်မထင်ခဲ့ပါဘူးတဲ့။ သူ အထက်တန်းကျောင်း ရောက်တဲ့အခါမှ သူ့ရဲ့ အမူအကျင့်တွေက ပြောင်းသွားခဲ့ပါတယ်တဲ့။ Daeyeol မှာ သူ့ရဲ့အကို Sungyeol လိုပဲ dyslexia(စာများကို အစဉ်လိုက် ဖတ်မရသော ရောဂါတစ်မျိုး) ရှိပါတယ်တဲ့။ သူ့ရဲ့ အကြိုက်ကတော့ Americanos ကော်ဖီနဲ့ စပျစ်သီးအစိမ်းရောင်ပါ။ အရောင်ထဲမှာဆိုရင်တော့ ခရမ်းရောင်နဲ့ အပြာရင့်ရောင်ကို ကြိုက်နှစ်သက်ပါတယ်တဲ့။ သူ့ကိုယ်သူ (ယုံကြည်မှုအရှိဆုံး ခေါင်းဆောင်တစ်ယောက်) လို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ 
Stage Name: Y (와이)
Birth Name: Choi Seongyoon (최성윤)
Position: Main Vocalist
Birthday: July 31, 1995
Zodiac Sign: Leo
Blood Type: O
Jersey Number: 3
Y ကိုတော့ Gyeongsang, Changwon, South Korea မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။
အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ stage name ကို ဘာလို့ Y ဆိုပြီးပေးခဲ့လည်းဆိုတာနဲ့ ပတ်သတ်ပြီး သူ့ရဲ့ နာမည်နောက်ဆုံး စာလုံးဖြစ်တဲ့ Yoon ဆိုတာကိုယူပြီး ပေးခဲ့တာလို့ ဖြေခဲ့ပါတယ်။ သူလည်းပဲ 2012 ကတိုင် trainee အဖြစ်နဲ့ အနုပညာလောကထဲ စတင် ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ Y ဟာ အဖွဲ့ထဲမှာ အသန်မာဆုံး ဖြစ်ပါတယ်တဲ့။ ပြီးတော့ အကောင်းမြင်တတ်တဲ့ စိတ်လည်းရှိပါတယ်တဲ့။ အကြိုက်ဆုံးအားကစားကတော့ ဘောလုံးအားကစားပါ။ အကြိုက်ဆုံးအရောင်က အနက်ရောင်ဖြစ်ပြီး အနံတွေထဲမှာ ပန်းအနံတွေကို အရမ်းကြိုက်ပါတယ်တဲ့။ ပြီးတော့ ရှုခင်းတွေထဲမှာ တောင်တန်းရှုခင်းတွေကို သဘောကျတယ်တဲ့။ တခြားအဖွဲ့ဝင်တွေနဲ့လည်း ကတောက်ကဆ တစ်ခါမှ မဖြစ်ဖူးပါဘူးတဲ့။ R&B သီချင်းအမျိုးအစားကို ကြိုက်တယ်။ Golden child ရဲ့ တခြားအဖွဲ့ဝင်များက သူ့ကို ကြောက်စရာအကောင်းဆုံး အဖွဲ့ဝင်အဖြစ် တက်ညီလက်ညီ မဲပေးထားပါတယ်။ ပြီးတော့ သူ့ရဲ့ထူးခြားချက်က BTS အဖွဲ့က Jungkook နဲ့ ရုပ်ချင်းဆင်နေတာဖြစ်ပါတယ်။ 
Stage Name: Jaeseok (재석)
Birth Name: Park Jaeseok (박재석)
Position: Lead Dancer, Vocalist, Visual
Birthday: November 20, 1995
Zodiac Sign: Scorpio
Height: 180 cm (5’11”)
Blood Type: A
Jersey Number: 20
Jaeseok ကို Cheongju, South Korea မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ Keyest ရဲ့ trainee ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကိုရီးယားလိုကော ဂျပန်လိုပါ ကောင်းကောင်းပြောတတ်ဆိုတတ်ပါတယ်တဲ့။ သိုသိုသိပ်သိပ်နေတတ်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် သူ့အကြောင်း ရေးတင်ထားတဲ့ web ဆိုတာ တော်တော်နည်းပါတယ်။
Stage Name: Jangjun (장준)
Birth Name: Lee Jangjun (이장준)
Position: Main Rapper, Vocalist
Birthday: March 3, 1997
Zodiac Sign: Pisces
Blood Type: A
Jersey Number: 82
Jangjun ကို Jeongju, South Korea မှာ မွေးဖွားခဲ့ပါတယ်။ အချစ်ဆုံး တိရစ္ဆှာန်ကတော့ ခွေးပေါက်လေးတွေဖြစ်ပါတယ်။ ဖက်ရှင် ပစ္စည်းတွေထဲမှာ အကြိုက်ဆုံးကတော့ လက်စွပ်တွေပါ။ Golden Child အဖွဲ့ရဲ့ project music အတွက် rap နေရာမှာ အဓိက ပါဝင်ကူညီထားတယ်လို့လည်း သိရပါတယ်။ Jangjun ရဲ့ ပုံစံကတော့ ဗီတာမင်လိုပါပဲတဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်တော့မှ မောပန်းတယ်လို့မရှိဘဲ အမြဲတက်ကြွနေလို့ပါတဲ့။ သူဟာ သူ့အဖွဲ့ထဲမှာ တိချစ်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ ပွဲဦးထွက်မှာတုန်းက Jangjun ဟာ infinite အဖွဲ့က Dongwoo နဲ့ ညီအစ်ကိုဆိုပြီး ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပေမယ့် Dongwoo ကတော့ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ Jangjun ဟာ လေ့ကျင့်ချိန်တွေပြီးလို့ နားချိန်မှာ အနားယူရမယ့်အစား အမြဲတမ်း လေ့ကျင့်ခန်းတွေ လုပ်နေတတ်ကြောင်း အဖွဲ့ဝင်များက ပြောထားပါတယ်။ 

Stage Name: TAG (타그)
Birth Name: Son Youngtaek (손영택)
Position: Main Rapper, Vocalist
Birthday: April 13, 1998
Zodiac Sign: Aries
Blood Type: O
Jersey Number: 7
TAG ဟာ  Gyeongi-do, Hwaseong, South Korea မှာမွေးဖွားခဲ့တာဖြစ်ပြီး Keyest ရဲ့ trainee ဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဂျပန်ကို ထွက်သွားခဲ့တာကြောင့် အထက်တန်းကျောင်းကို တစ်နှစ် နောက်ကျပြီးမှ တက်ခဲ့ရပါတယ်။ Jaehyun, Bomin, Joochan နဲ့ TAG တို့ဟာ(Hanlim Multi Art High School) မှာ အတူတက်ခဲ့ကြပါတယ်။ ဂျပန်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီး rap စာသားတွေကို ကိုယ်တိုင် ရေးသားပါတယ်တဲ့။ ဦးထုပ်တွေကို အရူးအမူးနှစ်သက်ပါတယ်။ ပြီးတော့ တိရစ္ဆာန်ထဲမှာဆိုရင် ရှဥ့်တွေကို ချစ်ပါတယ်တဲ့။ အရောင်တွေ အားလုံးကို ကြိုက်နှစ်သက်ပြီး အကြိုက်ဆုံးကတော့ ပန်းရောင်ပါတဲ့။ အကြိုက်ဆုံး Music Band တွေကတော့ 21 Pilots, OASIS နဲ့ Coldplay တို့ပဲ ဖြစ်ပါတယ်တဲ့။
Stage Name: Seungmin (승민)
Birth Name: Bae Seungmin (배승민)
Position: Lead Vocalist
Birthday: October 13, 1998
Zodiac Sign: Libra
Blood Type: A
Jersey Number: 98
Seungmin ကတော့ Gwangju, South Korea မှာမွေးဖွားခဲ့ပြီး woolim Entertainment ကို 2016 နှစ်ကုန်ပိုင်းမှာ ၀င်ရောက်လာတာဖြစ်ပါတယ်။ JYP ရဲ့ trainee ဟောင်းတစ်ဦးဖြစ်ပါတယ်။ ချစ်ဖို့ကောင်းပေမယ့် နည်းနည်းတော့ ရှက်တတ်ပါတယ်တဲ့။ သစ်သီးဖျော်ရည်တွေကို ကြိုက်နှစ်သက်ပြီး ရုပ်ရှင်ထဲမှာဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ ရုပ်ရှင်တွေကို ပိုကြိုက်ပါတယ်တဲ့။ သူဟာ G key အမြင့်ဆုံးအသံကို ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်ပြီး ဗိုက်ကနေ တဂွီဂွီအသံထွက်အောင်လည်း လုပ်နိုင်ပါတယ်တဲ့။ သူက သူ့ရဲ့ အရပ်အမြင့်ကို လျှို့ဝှက်ထားပါတယ်(အရပ်နည်းနည်းပုလို့ပါ)။ သူ့ကို တခြားလူတွေက pocket boy ဆိုပြီး စကြတာကို အစက စိတ်တိုမိပေမယ့် အခုတော့ ပျော်သွားပြီလို့ ပြောပါတယ်။ 
Stage Name: Jaehyun(재현)
Birth Name: Bong Jaehyun(봉재현)
Position: Vocalist
Birthday: January 4, 1999
Zodiac Sign: Capricorn
Blood Type: O
Jersey Number: 19
Jaehyun ဟာ Seoul, South Korea မှာမွေးဖွားခဲ့ပါတယ်။ Hanlim Multi Art School မှာ တက်ရောက်ခဲ့ပြီး နာမည်ပြောင်ကတော့ Bongvely ဖြစ်ပါတယ်။ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီး US မှာ ကျောင်းတက်ခဲ့ပါသေးတယ်။ သူက ပင်လယ်စာတွေနဲ့ ဓါတ်မတည့်ပါဘူးတဲ့။ အကြိုက်ဆုံး အားကစားကတော့ ဘက်စကတ်ဘောဖြစ်ပါတယ်။ အလယ်တန်းကျောင်းတုန်းက ဘက်စကတ်ဘောအသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ဖူးပါသေးတယ်တဲ့။ ဒရမ်မာထဲမှာ “Descendant Of The Sun”  ကိုအကြိုက်ဆုံးဖြစ်ပြီး ခဏခဏ ကြည့်ဖြစ်ပါတယ်တဲ့။ ဇာတ်ကားတွေထဲမှာတော့ စိတ်ကူးယဉ်ဇာတ်ကားတွေကြိုက်ပြီး အကြိုက်ဆုံးက ဟယ်ရီပေါ်တာကားတွေပဲဖြစ်ပါတယ်။ အကြိုက်ဆုံးအရောင်က အနက်ရောင်ဖြစ်ပါတယ်။ သူဟာ အရမ်းပင်ပန်းရင် အိပ်ရင်းနဲ့ စကားတွေပြောတတ်တဲ့ အကျင့်ရှိပါတယ်တဲ့။ 
Stage Name: Jibeom (지범)
Birth Name: Kim Jibeom(김지범)
Position: Lead Vocalist
Birthday: February 3, 1999
Zodiac Sign: Aquarius
Blood Type: B
Jersey Number: 33
Jibeom ဟာ Busan, South Korea မှာမွေးဖွားခဲ့ပြီး 2015 မှာမှ woolim ရဲ့ trainee တစ်ယောက်ဖြစ်လာခဲ့သူပါ။ သူ့ရဲ့ ပရိတ်သတ်တွေကတော့ နာမည်ပြောင်အဖြစ် ‘살거지범’ (seolgeo Jibeom / ပန်းကန်ဆေးသမားလေး Jibeom) ဆိုပြီး ပေးထားပါတယ်တဲ့။ ဘာဖြစ်လို့လည်းဆိုတော့ အလောင်းအစားတစ်ခုလုပ်ပြီး သူ့ရဲ့ အဖွဲ့ဝင်တွေနဲ့ (စက္ကူ၊ ကတ်ကြေး၊ ကျောက်တုံး)ကစားနည်း ကစားကြရာမှာ ရှုံးပြီး ငါးလလောက် ပန်းကန်တွေ ဆေးရတာမို့လို့ပါတဲ့။(ပေါက်ပေါက်ရှာရှာနော်....)။ သူရဲ့ ရုပ်ရည်ဟာ GOT7 Mark နဲ့ BTS Jin တို့ပေါင်းထားတဲ့ ရုပ်မျိုးထွက်နေတာကြောင့်လည်း နာမည်ကြီးပါတယ်။ သူဟာ အင်္ဂလိပ်စာ လုံးဝမတော်ပါဘူးတဲ့။ အကြိုက်ဆုံးကတော့ အနက်ရောင်ပါ။ သူက နွေဦးရာသီကိုကြိုက်နှ်စ်သက်ပြီး လက်တေးကိုလည်း ကြိုက်ပါတယ်တဲ့။ သူဟာ သီချင်းဆိုစွမ်းရည်ကို အမြဲတိုးတက်ချင်ပြီး သူ့ရဲ့ အိပ်မက်က တစ်နေ့နေ့မှာ Ost song တွေကို ဆိုနိုင်ဖို့ပါတဲ့။ သူဟာ အကမတော်ပါဘူးလို့လည်း ပြောသွားပါသေးတယ်။ သူ့ရဲ့ပုံစံကတော့ အရာရာတိုင်းကို အရမ်းအသေးစိတ်စဉ်းစားပြီး ဂရုစိုက်တတ်တဲ့ ပုံစံမျိုးပါ။
Stage Name: Donghyun (동현)
Birth Name: Kim Donghyun (김동현)
Position: Main Dancer, Vocalist
Birthday: February 23, 1999
Zodiac Sign: Pisces
Height: 172 cm (5’8″)
Weigh: 50kg (110lbs)
Blood Type: B
Jersey Number: 80
Donghyun ဟာ Seoul, South Korea မှာမွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ နာမည်ပြောင်ကတော့ ‘입덕 요정’ (“Fan Attractor Fairy”) ဖြစ်ပြီး Jaehyun က သူ့ကို ပေးထားတဲ့ နာမည်ပြောင်ကတော့ “Search Fairy” ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Donghyun ဟာ သူတစ်ခုခုလိုချင်ပြီဆို မရမက ရှာပြီး မတွေ့မချင်း ရှာနေတတ်လို့ပါတဲ့။ ပရိတ်သတ်တွေကတော့ သူဟာ infinite အဖွဲ့က Sunggyu နဲ့ ဆင်တယ်လို့ သတ်မှတ်ကြပါတယ်။ အခုလောလောဆယ်မှာ Donghyun ဟာ SOPA (School of Performing Arts Seoul) မှာ တက်ရောက်နေပါတယ်။ သူဟာ Grade 6 လောက်ကတည်းက trainee တစ်ယောက်ဖြစ်ခဲ့တာပါ။ သူ့ရဲ့မိဘတွေက အဆိုတော်တစ်ယောက်ဖြစ်ဖို့ အပြည့်အ၀ထောက်ပံ့မှုပေးပါတယ်တဲ့။ သူ့မှာ အမြင့်ကြောက်တတ်တဲ့ ရောဂါရှိပါတယ်။ 
Stage Name: Joochan (주찬)
Birth Name: Hong Joochan (홍주찬)
Position: Main Vocalist
Birthday: July 31, 1999
Zodiac Sign: Leo
Blood Type: O
Jersey Number: 55
Joochan ကလည်း Seoul, South Korea မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကတော့ Lila Art School မှာတက်ရောက်ခဲ့ပြီး အခုအချိန်မှာတော့ Hanlim Multi Art High School မှာ တက်ရောက်နေပါတယ်။ ပန်းတွေထဲမှာ နှင်းဆီပန်းကို အကြိုက်ဆုံး ဖြစ်ပါတယ်။ အကြိုက်ဆုံး သီချင်းအမျိုးအစားကတော့ ballads အမျိုးအစားဖြစ်ပါတယ်။ တူရိယာတွေကိုလည်း တီးခတ်တတ်ပါတယ်။ သူဟာ ပန်းချီဆွဲတာလည်း တော်ပါတယ်။ ပန်းချီဆွဲတာကို သူ့ရဲ့ အမ ဆွဲနေတာကြည့်ရင်းနဲ့ သင်ယူခဲ့တာပါတဲ့။ Joochan ဟာ တိုတိုထွာထွာပစ္စည်းလေးတွေကို ကိုယ်တိုင်လုပ်တာ ၀ါသနာပါပြီး သူလုပ်ထားခဲ့တဲ့ ပစ္စည်းလေးတွေနဲ့ပတ်သတ်လို့ အမြဲတမ်း ဂုဏ်ယူတတ်ပါတယ်တဲ့။ ဥပမာ သစ်သား လက်စွပ်လေးတွေ၊ သံပုံး မီးအိမ်လေးတွေပါတဲ့။ 
Stage Name: Bomin (보민)
Birth Name: Choi Bomin (최보민)
Position: Lead Dancer, Vocalist, Maknae
Birthday: August 24, 2000
Zodiac Sign: Virgo
Blood Type: B
Jersey Number: 89
Bomin ကတော့ Gyeongi, Yongin, South Korea မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကတော့ eocheon High School မှာ တက်ရောက်ခဲ့ပြီး အခုလောလောဆယ်မှာတော့ Hanlim Multi Art High School မှာ တက်ရောက်နေပါတယ်။ သူ့ရဲ့ နာမည်ပြောင်ကတော့ ‘장난꾸러기 (jangnankkurogi)’  ‘Fools Around’ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ အဖွဲ့ဝင်တွေရဲ့ ပုံစံကို အတုခိုးပြီး လိုက်လိုက် ပြောင်တတ်လို့ပါတဲ့။ နောက်ထပ် နာမည်ပြောင်တစ်ခု ရှိပါသေးတယ်။ အဲ့တာကတော့ 실세 막내 (silse maknae)  ‘Big Shot Youngest’ ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဖွဲ့ဝင်တွေအားလုံးက သူ့ကို သူကြိုက်တာ ဘာမဆို လုပ်ခွင့်ပေးထားလို့ပါတဲ့။ တိရစ္ဆာန်ထဲမှာ ကြောင်ကို ချစ်ပါတယ်တဲ့။ သူ့မှာလည်း အမြင့်ကြောက် ရောဂါရှိပါတယ်။ အဖွဲ့ထဲက တစ်ယောက်ယောက်ကို အကိုတော်ရမယ်ဆိုရင် Daeyeol ကို အကိုတော်ချင်ပါတယ်လို့ ပြောသွားပါတယ်။ Bomin ဟာ Lovelyz “Now, We” မှာလည်း ပါဝင်ဖူးပါတယ်။ 


ကဲဒီနေ့တော့ ဒီလောက်ပဲနော်... Admin လည်း အိပ်ချင်နေပြီ။ goodnight ပါဗျား
Kpop for Myanmar - KFM
Admin - Fatcat

No comments:

Post a Comment