ရွေးချယ်စရာများ

Sunday, October 15, 2017

ကဲ admin ဒီနေ့လည်း အဖွဲ့သစ်လေး တစ်ဖွဲ့နဲ့ ထပ်မိတ်ဆက်ပေးမယ်နော်။
အဖွဲ့ နာမည်ကတော့ ONF (온앤 오프) ပါ။ Wow....
 ‘ON Off’ ဆိုတာကို အတိုကောက်ယူထားတာဖြစ်ပါတယ်။ WM Boys လို့လည်း လူသိများပါတယ်။ WM Entertainment ကဖြစ်ပြီး HyojinJ-USE-TionWyattMKU, နဲ့ Laun အဖွဲ့ဝင် 7 ယောက် ပါဝင်ပါတယ်။ ONF အဖွဲ့ကို On team နဲ့ Off team ဆိုပြီး နှစ်ဖွဲ့ထပ်ခွဲထားပါသေးတယ်။ အဲ့အတွက်ကြောင့် ONF အဖွဲ့မှာ Leader နှစ်ယောက်ရှိပါတယ်။ August 2, 2017 မှာ ပွဲဦးထွက်လာတဲ့ အဖွဲ့လေးဖြစ်ပါတယ်။
ONF Official Sites: တွေကတော့
FB - https://web.facebook.com/wm.onoff/?_rdc=1&_rdr
Twitter - https://twitter.com/WM_ONOFF
IG - https://www.instagram.com/wm_onoff/
Youtube - https://www.youtube.com/channel/UCgdj5bL5_Il2tqsQ7J4k6zw/
Daum Café - http://cafe.daum.net/-onoff တို့ပဲဖြစ်ပါတယ်။
ကဲ... အခု member တစ်ယောက်ချင်းဆီနဲ့ မိတ်ဆက်ပေးတော့မယ်နော်။
Stage Name: Hyojin (효진)
Birth Name: Kim Hyo-jin (김효진)
Position: ON Team Leader, Main Vocalist
Sub-Unit: ON Team
Birthday: April 22, 1994
Zodiac Sign: Taurus
Blood Type: O
Hyojin ကို Seoul, South Korea မှာမွေးဖွားခဲ့ပြီးတော့ နာမည်ပြောင်ကတော့ "Deer" ပါတဲ့။ ၀ါသနာကတော့ သီချင်း နားထောင်တာ၊ သီချင်းဆိုတာနဲ့၊ ဖိနပ်တွေ စုတာပဲဖြစ်ပါတယ်။ Korean web drama “Loss:Time:Life” မှာ  E-Tion, J-US, Wyatt တို့နဲ့အတူ Dancer တစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်ဖူးပါတယ်။ Trainee အဖြစ် ၅ နှစ်ကြာ လေ့ကျင့်ခဲ့ပါတယ်။ ကျောင်းတက်နေစဉ်အတွင်းမှာလည်း သီချင်းဆိုပြိုင်ပွဲတွေမှာ ဆု ခဏခဏ ရခဲ့ဖူးပါတယ်တဲ့။ သူဟာ စက်အကူအညီမပါပဲ ပဲ့တင်သံတွေကို သီဆိုနိုင်ပါတယ်တဲ့။
Stage Name: J-US (제이어스)
Birth Name: Lee Seung-joon (이승준)
Position: OFF Team Leader, Sub Vocalist, Lead Dancer
Sub-Unit: OFF Team
Birthday: January 13, 1995
Zodiac Sign: Capricorn
Blood Type: AB
J-US ကိုတော့ Seoul, South Korea မှာ မွေးဖွားခဲ့ပြီး နာမည်ပြောင်တွေအနေနဲ့ကတော့ “Cool Guy” တို့ “Handsome” တို့ စတဲ့ နာမည်ပြောင်ဘွဲ့ထူးတွေကို ရရှိထားတာဖြစ်ပါတယ်။ သူ့ရဲ့ ၀ါသနာကတော့ ဒရမ်မာကားတွေကို ကြည့်ရတာဖြစ်ပါတယ်တဲ့။ B1A4’s mini drama VCR “The Class” မှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး Korean web drama “Loss:Time:Life” မှာလည်း Dancer တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူလည်းပဲ Trainee အဖြစ် ၅ နှစ်ကြာ လေ့ကျင့်ခဲ့ပါတယ်။ သူဟာ ကျောင်းတက်နေစဉ်အတွင်း ကျောင်းသားသမဂ္ဂမှာ ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ သူ့ရဲ့အိပ်မက်က စားပွဲတင် တင်းနစ် ကစားသမားတစ်ယောက်ဖြစ်ချင်ခဲ့တာပါတဲ့။
Stage Name: E-Tion (이션)
Birth Name: Lee Chang-yoon (이창윤)
Position: Lead Vocalist
Sub-Unit: ON Team
Birthday: December 24, 1994
Zodiac Sign: Capricorn
Blood Type: B
E-Tion ကို  Jeonju, South Korea. မှာ မွေးဖွားခဲ့ပြီး တရုတ်နဲ့ ဂျပန်လို ကောင်းကောင်းပြောနိုင်ပါတယ်တဲ့။ ၀ါသနာကတော့ ဇာတ်ကားတွေ နေကုန်နေခမ်း ထိုင်ကြည့်ရတာပါတဲ့။ သူ့ရဲ့အကြိုက်ကတော့ အ၀တ်အစားနဲ့ ဖိနပ်တွေဖြစ်ပါတယ်။ အစားအစာထဲမှာဆို အပူအစပ်တွေ မကြိုက်ပါဘူးတဲ့။ B1A4’s VCR “Feeling” မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသလို Korean web drama “Loss:Time:Life”  မှာလည်း Dancer တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ Traniee ဘ၀ကို ၃ နှစ်ကြာ ဖြတ်သန်းခဲ့ရပါတယ်။ သူဟာ ဖက်ရှင် ဒီဇိုင်းတွေဆွဲရတာ ၀ါသနာပါပြီး အလုပ်ချင်ဆုံးအလုပ်ကတော့ သူတို့အဖွဲ့ ONF အတွက် uniform လုပ်ချင်တာပါတဲ့။
Stage Name: Wyatt (와이엇)
Birth Name: Shim Jae-young (심재영)
Position: Main Rapper, Lead Dancer
Sub-Unit: OFF Team
Birthday: January 23, 1995
Zodiac Sign: Aquarius
Blood Type: O
Wyatt ဟာ Seoul, South Korea မှာမွေးဖွားခဲ့ပြီး English လို ကောင်းကောင်းမွန်မွန် ပြောတတ်ဆိုတတ်ပါတယ်တဲ့။ နာမည်ပြောင်အနေနဲ့ “Monkey” ဆိုတဲ့ ဘွဲ့ထူးကို ရရှိထားတာဖြစ်ပါတယ်။ ၀ါသနာကတော့ စာဖတ်တာနဲ့ ဇာတ်ကားတွေကြည့်တာပါတဲ့။ သူ့ရဲ့ထူးခြားတဲ့ စွမ်းရည်ကတော့ krumping (အကတစ်မျိုး) ကို ကောင်းကောင်းကတတ်တာပါတဲ့။ သူဟာ ဟမ်ဘာဂါကို အရမ်းကြိုက်ပါတယ်တဲ့။ ပိုးကောင်မွှားကောင်လေးတွေကို မနှစ်သက်ပါဘူးတဲ့။ B1A4’s mini drama VCR “The Class” နဲ့ B1A4’s VCR “Feeling” မှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ Korean web drama “Loss:Time:Life” မှာလည်း Dancer အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ Trainee အဖြစ် ၇ နှစ်ကြာ လေ့ကျင့်ခဲ့ပါတယ်။ သူ့ရဲ့ ထူးခြားချက် နောက်တစ်ခုကတော့ မျက်လုံးနှစ်လုံးထဲမှာ တစ်လုံးထဲပဲ မျက်ရစ် ၂ရစ်ပါတာဖြစ်ပါတယ်။ Wyatt ဆိုတာ  “Brave" လို့ အဓိပါယ်ရတဲ့အတွက် ရွေးချယ်ခဲ့တာလို့ ပြောပါတယ်။ Kim Kwang-Seok. (Pops in Seoul) ရဲ့ အမာခံပရိတ်သတ် တစ်ဦးလည်း ဖြစ်ပါတယ်။ 
Stage Name: MK (엠케이)
Birth Name: Park Min-kyun (박민균)
Position: Lead Vocalist, Sub Rapper
Sub-Unit: ON Team
Birthday: November 16, 1995
Zodiac Sign: Scorpio
Height: 177 cm (5’10”)
Blood Type: AB
MK ကို Anyang, South Korea မှာ မွေးဖွားခဲ့ပြီး နာမည်ပြောင်အနေနဲ့ “Kkyuni” လို့ အများက ခေါ်ကြပါတယ်။ ဂစ်တာတီးရတာကို ၀ါသနာပါ ပါတယ်တဲ့။ Starship ရဲ့ trainee ဟောင်းတစ်ဦးဖြစ်ပါတယ်။ MK ဟာ No.Mercy (reality show that created MONSTA X) မှာလည်း ပါဝင်ခဲ့ပါတယ်။ Trainee အဖြစ် ၇ နှစ်ကြာ လေ့ကျင့်ခဲ့ပါတယ်။ MK ဟာ ဆင်ရဲ့ အသံကို အသံတု ပြုလုပ်နိုင်ပါတယ်တဲ့။ MK ရဲ့ အဓိပါယ်ကတော့  “Min Karat” ဖြစ်ပါတယ်တဲ့။ ONF အဖွဲ့ဝင်တွေကတော့ သူ့ကို ကြောင်နဲ့တူတယ်လို့ ပြောကြပါတယ်။
Stage Name: U (유)
Birth Name: Mizuguchi Yuto (みずぐちゆと)
Position: Sub Vocalist, Main Dancer
Sub-Unit: OFF Team
Birthday: March 3, 1999
Zodiac Sign: Pisces
Blood Type: AB
U ကို Osaka, Japan မှာ မွေးဖွားခဲ့ပါတယ်။ ဂျပန်လိုကော ကိုရီးယားလိုပါ ကောင်းကောင်းပြောတတ်ပါတယ်တဲ့။ ၀ါသနာတွေကတော့ သီချင်းနားထောင်တာနဲ့ စက်ဘီးစီးတာပါတဲ့။ သူအကျွမ်းကျင်ဆုံးကတော့ အက ကတာဖြစ်ပါတယ်။ ပေါင်မုန့်နဲ့ အပူအစပ်တွေကို ကြိုက်နှစ်သက်ပြီး တိရစ္ဆာန်ထဲမှာ ပိုးကောင်မွှားကောင်တွေကို မနှစ်မြို့ပါဘူးတဲ့။ Pentagon’s Yuto နဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေဖြစ်ပါတယ်တဲ့။ U နဲ့ Yuto တို့ဟာ Japan နိုင်ငံခြင်းအတူတူပင်ဖြစ်ပြီး JYP လက်အောက်မှာ အတူတူ trainee တွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နာမည်ပြောင်အနေနဲ့ “Kim Yuto” လို့ အများကခေါ်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုရီးယားလို ကောင်းကောင်းပြောတတ်ပြီး လက်ရေးအရမ်းလှလို့ ဖြစ်ပါတယ်တဲ့။ JYP ရဲ့ trainee ဟောင်း တစ်ဦးဖြစ်ပါတယ်။ Korean pork belly restaurant မှာ အချိန်ပိုင်းအလုပ်သမားအဖြစ် အလုပ်လုပ်ခဲ့ပြီး ကိုရီးယားစကားကို သင်ယူခဲ့ပါတယ်တဲ့။ Trainee အဖြစ် ၁ နှစ်ကြာ လေ့ကျင့်ခဲ့ပါတယ်။
Stage Name: Laun (라운)
Birth Name: Kim Min-seok (김민석)
Position: Sub Vocalist, Main Dancer, Maknae
Sub-Unit: ON + OFF Team (he is in both)
Birthday: August 12, 1999
Zodiac Sign: Leo
Blood Type: AB
Laun ကို Chungcheongnam-do, South Korea မှာ မွေးဖွားခဲ့ပါတယ်။ “Smiling Angel” ဆိုတဲ့ နာမည်ပြောင်ကို ရရှိထားတာဖြစ်ပါတယ်။ လက်တလောမှာတော့ SOPA (School of Performing Arts Seoul) မှာ senior student အဖြစ် တက်ရောက်လျက်ရှိပါတယ်။ Oh My Girl’s Arin, Wanna One’s Jihoon တို့နဲ့ အခန်းအတူတူပဲဖြစ်ပါတယ်။ ၀ါသနာကတော့ ဘောပင်တွေ စုတာဖြစ်ပါတယ်တဲ့။ သူဟာ BigHit ရဲ့ trainee  ဟောင်းတစ်ဦးဖြစ်ပြီး အသက် 14 နှစ်မှာ BTS နဲ့အတူတူ လေ့ကျင့်ခဲ့ဖူးပါတယ်။ B1A4’s mini drama VCR “The Class” မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Trainee အဖြစ် ၄ နှစ်ကြာ လေ့ကျင့်ခဲ့ပါတယ်။ Laun ဟာ kendo competition မှာ ပထမဆု ဆွတ်ခူးခဲ့ဘူးပါတယ်။ သူ့ရဲ့ ပရိတ်သတ်တွေကတော့ သူ့ကို ပျော့ပျော့ပျောင်းပျောင်းနဲ့ နွားနို့နဲ့တူတယ်ဆိုပြီး “milk boy” လို့ နာမည်ပြောင်ပေးထားပါတယ်။ သူဟာ လန်းဆန်းနေဖို့အတွက် သူများတွေလို ကော်ဖီမသောဘဲ ရေခဲမုန့်ကို စားပါတယ်တဲ့။ သူက ကော်ဖီကို မသောက်နိုင်ဘူးလို့ပြောပါတယ်။ ဓါတ်မတည့်တာ တစ်ခုခုရှိနေမလားတော့မသိဘူး။ Wanna One’s Park Jihoon နဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေ ဖြစ်ပါတယ်တဲ့....
ကဲ ဒီနေ့တော့ ဒီလောက်ပါပဲနော်
Kpop for Myanmar (KFM)
Admin - Fatcat

No comments:

Post a Comment