ရွေးချယ်စရာများ

Thursday, April 12, 2018

2 နှစ်အကြာမှာ ထွက်ရှိခဲ့တဲ့ Eric Nam ရဲ့ mini album အကြောင်း တစေ့တစောင်း

Eric Nam ရဲ့ new mini album 'Honestly' ထွက်ရှိလာခြင်း အထိမ်းအမှတ်ပွဲကို Seogyo-dong, Mapo-gu, Seoul မှာရှိတဲ့ Hongdae Move Hall မှာကျင်းပခဲ့ပါတယ်။

အဆိုပါ album ဟာ 2016 ခုနှစ် march လ 24 ရက်နေ့တုန်းက Eric Nam နဲ့ အင်တာဗျူးတစ်ခုမှာ စတင် မိတ်ဆက်ခဲ့ပြီး အခု ၂နှစ်အကြာမှာမှ ထွက်ရှိလာတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

"ကျွန်တော် ဒီ album အတွက် ၂ နှစ်လောက် ပြင်ဆင်ခဲ့ရပါတယ်။ ဒီ album ဖြစ်လာဖို့ မျက်ရည်တွေ ချွေးတွေနဲ့ ပေးဆပ်ပြီး တော်တော်ကြိုးစားခဲ့ရတာပါ။ ပရိတ်သတ်တွေအနေနဲ့ ဒီသီချင်းတွေကို အနည်းဆုံး ၁ ခါလောက်တော့ နားထောင်ကြမယ်လို့ မျှော်လင့်မိပါတယ်" ဆိုပြီး Eric Nam က အထိမ်းအမှတ်ပွဲမှာပြောကြားသွားပါတယ်။

ဒီ album ပြင်ဆင်ချိန်ကြာမြင့်မှုနဲ့ ပတ်သတ်ပြီးတော့ Eric Nam က "အချိန်ကြာတာနဲ့ပတ်သတ်ပြီး မကျေနပ်တာတွေ ဘာတွေ မရှိပါဘူး။ album က ဖြေးဖြေးချင်း တစ်ပုဒ်ခြင်း ပြီးသွားခဲ့တာပါ။ တခြား အောင်မြင်နေတဲ့ အဆိုတော်တွေရဲ့ အကြံပေးမှုတွေလည်း အများကြီးရခဲ့ပါတယ်။ အထူးသဖြင့်တော့ BTS member တွေကို ကျေးဇူးတင်ပါတယ်။ သူတို့ မအားတဲ့ကြားထဲကကို အကြံဥာဏ်ကောင်းလေးတွေ ဝိုင်းစဉ်စားပေးကြတဲ့အတွက်ပါ" ဆိုပြီး ပြောခဲ့ပါတယ်။

"Album နာမည်ပေးဖို့လုပ်တော့ potion လို့ပေးရင်ကောင်းမလား honestly လို့ပေးရင်ကောင်းမလား မဝေခွဲတတ်တော့ပါဘူး။ အဲ့တာကြောင့် Katok ကိုပို့ပြီး မဲခွဲရာမှာ honestly က မဲနည်းနည်းသာပြီး အဲ့နာမည်ပေးဖြစ်ခဲ့တာပါ။ ဆိုပြီး album name နဲ့ပတ်သတ်လို့ ပြောခဲ့ပါတယ်။

Ref : OSEN
Admin - Fatcat

Wednesday, April 11, 2018

11.4.18 .... 💗 #IU 💗 ရဲ့ Drama အသစ်​​လေးဖြစ်​တဲ့
My Mister ( My Ajusshi ) Drama Press Conference ကိုယ​နေ့ပဲပြု လုပ်​ခဲ့ပါတယ်




IU ဟာ မင်းသား Park Ho San , Lee Sun Gyun , Song Sae Byuk တို့နဲ့အတူ Press Conference ကိုတတ်​​ရောက်​ခဲ့ပါတယ်




IU ရဲ့ My Mister ( My Ajusshi )(나의 아저씨) drama ​လေးကို TV N ရုက်​သံလိုင်းက​နေ March လ ၂၁ ရက်​​နေ့ကစပြီး အပတ်​စဉ်​ ( ဗုဒ္ဓဟူး ကြာသပ​တေး)  ​နေ့တိုင်း ထုတ်​လွှင့်​ပြသ​နေတာဖြစ်​ပါတယ်


☕☕☕
“Produce 48” မှာ ပါဝင်မယ်လို့ ကောလဟာလထွက်လာမှုအပေါ် တုံ့ပြန်လိုက်တဲ့ AOA's Chanmi


ဒီနေ့ April 11ရက်နေ့မှာ AOA member တစ်ယောက်ဖြစ်တဲ့ Chanmi ဟာ IG မှာ video တစ်ခုတင်ခဲ့ပါတယ်။ အဆိုပါ video မှာ "Produce 48" နဲ့ ပတ်သတ်တဲ့ Rumor အကြောင်း ဖြေရှင်းထားပါတယ်။Chanmi ရဲ့ နာမည်ဟာ "Produce 48" ရဲ့ participants list ထဲမှာပါတယ်လို့ rumor တွေ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဆိုပါ rumor ဟာ Produce 48 အတွက် ကနဦး recording လုပ်ပြီးချိန်မှာတောင် ဆက်ပြီး ပျံနှံနေဆဲဖြစ်ပါတယ်။

အဲ့တာကြောင့် Chanmi ဟာ “ ကျွန်မအနေနဲ့ AOA အဖွဲ့ရဲ့ activities တွေအတွက်ကိုပဲ  ပြင်ဆင်စရာလေးတွေ အများကြီးရှိပါတယ်။ AOA နဲ့ပတ်သတ်တဲ့ အရာမှန်သမျှကို ကျွန်မ လုပ်ချင်ပါတယ်။ အဲ့တာကြောင့် အခုကော နောင်အချိန်မှာပါ ကျွန်မအနေနဲ့ AOA တစ်ခုထဲကိုပဲ အာရုံစိုက်ပြီး အလုပ်လုပ်သွားမှာပါ။ ဒီလိုပြောရတာကလည်း ကောလဟာလတွေအပေါ်မှာ ပရိတ်သတ်တွေ အနေနဲ့ မျှော်လင့်ချက်တွေအများကြီးထားနေမှာစိုးလို့ပါ။ ကျွန်မတို့ဘက်မှာ အမြဲတမ်းရှိပေးပြီး အားပေးနေတဲ့ ပရိတ်သတ်တွေ ရှိနေတာသိရတဲ့အတွက်တော့ အရမ်းပဲ ဝမ်းသာမိပါတယ်။ အဲ့ဒီ ပရိတ်သတ်တွေအတွက် ကျွန်မတို့ အစွမ်းကုန်ကြိုးစားသွားမှာပါ" ဆိုပြီး ရေးသားခဲ့ပါတယ်။
FNC Entertainment ဘက်ကလည်း Produce 48 မှာ AOA အဖွဲ့ဝင်တွေ ပါမှာမဟုတ်ဘူးလို့ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

“Produce 48” ဟာ June လမှာ ပွဲဦးထွက်နိုင်ဖို့ ပြင်ဆင်ထားပြီး အဆိုပါ show အတွက် teaser လည်း မကြာသေးမီက ထွက်ရှိထားပါတယ်။
Ref : Naver
Admin - Fatcat
Global Charts မှာ "Blooming Day" နဲ့ ထိပ်ဆုံးနေရာရောက်ရှိသွားတဲ့ EXO-CBX


EXO-CBX ရဲ့ second mini album “Blooming Days” ဟာဆိုရင် မနေ့(ဧပြီလ ၁၀ ရက်နေ့) ကိုရီးယားစံတော်ချိန် ညနေ ၆နာရီတိတိမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထွက်ရှိလာပြီး မကြာခင်မှာပဲ Korean real-time charts တွေမှာ ထိပ်ဆုံးနေရာတွေကို ရယူထားနိုင်ခဲ့ပါတယ်။

ဒါတင်မကသေးပဲ international iTunes album charts မှာလည်း တဖြည်းဖြည်း ထိပ်ကို တက်လာပြီးတော့ ဒီနေ့ april 11 ရက်နေ့ ကိုရီးယားစံတော်ချိန် မနက် ၉နာရီမှာ No.1 နေရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
အဆိုပါ iTunes album charts မှာ Argentina, Armenia, Brunei, Cambodia, Chile, Colombia, Denmark, Finland, India, Norway, Peru, Poland, Russia, Singapore, Sweden, Brazil, နဲ့ Turkey အပါအဝင် နိုင်ငံ ၂၆ နိုင်ငံမှ သီချင်း album များကြားမှာ  "Blooming Day"က နံပါတ် ၁ နေရာ ရရှိခဲ့တာဖြစ်ပါတယ်။
Admin - Fatcat
Ref: OSEN

Tuesday, April 10, 2018

24 ကြိမ်မြောက် ကျင်းပတော့မယ့် K-pop collaboration event (Dream Concert)
KBS ရဲ့ ကနဦး သတင်းများအရ Red Velvet, Seventeen နဲ့ တခြား နာမည်ကြီး အနုပညာရှင်များဟာ annual K-pop collaboration event မှာ ပါဝင်ဖျော်ဖြေဖို့ ရွေးချယ်ခံခဲ့ရပါတယ်။.


အဆိုပါ 24 ကြိမ်မြောက် Dream Concert ကို မေလ 12 ရက်နေ့မှာ Seoul World Cup Stadium တွင်ကျင်းပသွားမယ်လို့ သိရပါတယ်။ အခုကျင်းပမယ့် ပွဲမှာ Red Velvet, Seventeen သာမက B.A.P, NCT, Lovelyz, Taemin, GFriend, Mamamoo နဲ့ တခြား အနုပညာရှင်များစွာ ပါဝင်လာပါလိမ့်မယ်။






အဆိုပါ event ကို 1995 ခုနှစ်မှာ ပထမဆုံး စတင်ကျင်းပခဲ့ပြီး အခုလို နွေဦးရာသီရောက်တိုင်း နှစ်စဉ် မပြတ် ကျင်းပခဲ့တာဖြစ်ပါတယ်။
Admin - Fatcat
Source - KBS
Girls on top - at the same place myanmar sub

Wednesday, February 28, 2018

အကြိတ်အနယ် ပြသနာတွေဖြစ်နေကြတဲ့ Secret အဖွဲ့ဝင်တွေနဲ့ TS entertainment....


2017 ခုနှစ် august လ တုန်းက , Secret အဖွဲ့ဝင် Song Ji Eun ဟာ Korean Commercial Arbitration Board အဖွဲ့ကို သူမနဲ့ TS entertainment ဟာ စာချုပ်ပျက်ပြယ်သွားပြီဖြစ်ကြောင်း အတည်ပြုပေးဖို့ တောင်းခံလွှာ ပို့ခဲ့ပါတယ်။ TS entertainment ဟာ အခြေခံ စီမံခန့်ခွဲမှုတာဝန်တွေ လစ်ဟင်းခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုမရှိခြင်း စတဲ့ စာချုပ်ပါ သဘောတူညီမှုတွေကို ဖော်ဖျက်ခဲ့တဲ့အတွက် TS entertainment နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တရားမဝင်တော့ပဲ စာချုပ်ပျက်ပျယ်သွားပြီဖြစ်ကြောင်းကို အတည်ပြုပေးဖို့ အခုလို စာတင်ခဲ့တာဖြစ်ပါတယ်။

Song Ji Eun ဟာ TS entertainment ရဲ့ စာချုပ်ဖောက်ဖျက်မှု အချက်သုံးချက်ကို တင်ပြထွက်ဆို ထားပါတယ်။ ပထမဆုံး အချက်က >>TS entertainment က "Sweet Home, Sweet Honey" drama အတွက် သူမကို ငွေပေးချေရာမှာ မှန်ကန်မှုမရှိခြင်း။
ဒုတိယအချက်က >> သူမရဲ့ ဆန္ဒမပါရှိဘဲ စာချုပ်များ ချုပ်ဆိုခြင်း၊ entertainment ဘက်မှ ကျခံရမည့် တိုက်ခန်းခ၊ ကားခ နဲ့ တခြားအသုံးစားရိတ်အတွက် စိုက်ထုတ်ငွေများကို မပေးဘဲ အချိန်ဆွဲနေခြင်း။
တတိယအချက်က >> သူမရဲ့ ခွင့်ပြုချက်မရှိဘဲ စာချုပ်ပါ အထူး သီးသန့်မူပိုင်ခွင့်များကို တခြားတစ်ယောက်သို့ လွဲပြောင်းခြင်း... တို့ပဲဖြစ်ပါတယ်။

The Korean Commercial Arbitration Board အဖွဲ့ဟာ ဒုတိယအချက်နဲ့ တတိယအချက်ကို လက်ခံ အတည်ပြုခဲ့ပါတယ်။ TS Entertainment ဟာ စာချုပ်ပါ စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်များကို အေဂျင်စီတစ်ခုထံ လွဲပြောင်းလိုက်ပြီးကာမှ Song Ji Eun ကို ဖုန်းမက်ဆေ့ ကနေတဆင့် အသိပေးခဲ့တာဖြစ်ပါတယ်။  The Korean Commercial Arbitration Board အဖွဲ့မှ  “celebrity တစ်ယောက်ရဲ့ အရေးကြီး စာချုပ်ပါ လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေကို လွဲပြောင်းတယ်ဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒီချိုးဖောက်မှုဟာ စာချုပ်ကို ပျက်ပြယ်စေဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်ပါတယ်" လို့ အတည်ပြုခဲ့ပါတယ်။

TS Entertainment ကတော့ “ကျွန်တော်တို့အနေနဲ့ အရေးမကြီးတဲ့ သာမန်စာချုပ်လေးတစ်ခုကိုသာ အကျိုးအမြတ်ပိုဖြစ်ထွန်းပြီး ဝင်ငွေပိုရနိုင်တဲ့အတွက် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်၊ အရေးကြီး အထူးစာချုပ်ပါ အချက်အလက်တွေကို လွှဲပြောင်းချုပ်ဆိုတာမျိုးမလုပ်ခဲ့ပါဘူး။ တကယ်လို့သာ အဲ့ဒီ အေဂျင်စီဟာ အလုပ်အကိုင် အခွင့်အလမ်း တစ်ခုခု ရှာတွေဲ့ခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကြားထဲက ညှိနှိုင်းပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲ့လို အခွင့်အလမ်းမျိုးမရှိသေးတဲ့အတွက် အခုလို လွဲပြောင်းခဲ့တာဖြစ်ပါတယ်။ လွဲပြောင်းရာမှာလည်း စာချုပ်ပါ အရေးကြီးအချက်အလက်တွေကို လွဲပြောင်းတာမဟုတ်ဘဲ အခြေခံ သာမန် သဘောတူညီမှုလေးတွေကိုသာ လွဲပြောင်းခဲ့တာပါ" ဆိုပြီး ငြင်းဆိုထားပါတယ်။

တခြား secret အဖွဲ့ဝင် Jun Hyosung ဟာလည်း TS entertainment နဲ့ ငွေပေးခြေမှုဆိုင်ရာ အငြင်းအခုံလေးတွေ ဖြစ်လျက်ရှိနေပါသေးတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သတ်ပြီး TS Entertainment ကတော့  “ကျွန်တော်တို့အနေနဲ့ သူမနဲ့အတူ အနုပညာအလုပ်ကို ဆက်ပြီး လက်တွဲလုပ်သွားမှာပါ...အထောက်အပံ့တွေကိုလည်း ပေးနေဦးမှာပါ၊ ဒါပေမယ့် သူမသာ ငြင်းဆိုမယ်ဆိုရင်...သူမရဲ့ ဆန္ဒအရ တရားဥပဒေနဲ့ ဖြေရှင်းခြင်တယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း တရားဥပဒေဘောင်အတွင်းကပဲ လုပ်သင့်လုပ်ထိုက်တာ လုပ်သွားမှာပါ" ဆိုပြီး ပြောကြားခဲ့ပါတယ်။

နောက်ဆုံးပြန်လည်ချေပခဲ့တာကတော့ , “entertainment နဲ့ သူတို့ရဲ့ကြားမှာ ငွေရေးကြေးရေး ပြသနာဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ဟာ secret ကို disband လုပ်ဖို့ ဆန္ဒလည်းမရှိပါဘူး။ အကယ်၍ သူတို့သာ ဆန္ဒရှိရင် အချိန်မရွေး album တစ်ခု ထုတ်ပေးလိုက်ဦးမှာပါ။ အခုလောလောဆယ်မှာတော့ Jung Hana ရဲ့ သီချင်းထွက်နိုင်ဖို့ ပြင်ဆင်နေပါတယ်" ဆိုပြီးပြောကြားသွားပါတယ်။

အခု လောလောဆယ်မှာတော့ ကောက်ချက်ချဖို့ ခက်နေပါသေးတယ်....အဲ့အတွက် နောက် ဘာဆက်ဖြစ်မယ်ဆိုတာ အပြာရောင် fb ပိတ်ကားကြီးပေါ်မှာ ဆက်လက်ကြည့်ရှုရတော့မှာပါ...
Admin - Fatcat

Breaking news

သရုပ်ဆောင်တွေဖြကြတဲ့ Lee Si Eon နဲ့ Seo Ji Seung တို့ရဲ့ Dating ကို အတည်ပြုခဲ့

အခု couple လေး တစ်တွဲ ထွက်ပေါ်လာပြန်ပပြီ။
တစ်ယောက်နဲ့တစ်ယောက် အသက် ၆နှစ်တောင် ကွာပေမယ့် လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Lee Si Eon နဲ့ Seo Ji Seung တို့ဟာ ကြာသေးခင်ကပဲ dating ကို comfirm လိုက်ပါတယ်။
A representative from Lee Si Eon ရဲ့ agency ဖြစ်တဲ့ BS Company မှ ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ “သူတို့ဟာ စီနီယာ ဂျူနီယာ ဆက်ဆံရေးနဲ့ အလုပ်တွေ အတူလုပ်ကြတာပါ။ သူတို့ date လုပ်တာလည်း ကြာသေးပါဘူး။ အခုအချိန်မှာတော့ public ကို တရားဝင်ချပြလိုက်ပပြီ။ သူတို့ public ကို ချမပြခင် ၅လလောက် date တွေ လုပ်ကြ၊ အတူတွဲကြပါတယ်။ အဲ့ ၅လ အတောအတွင်းမှာ သူတို့ရဲ့ဆက်ဆံရေးဟာ အရမ်းအဆင်ပြေခဲ့ပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း သူတို့အတွဲကို နွေးနွေးထွေးထွေကြိုဆိုပေးဖို့ျှော်လင့်ပါတယ်" ပြီး ပြေကြားသွားပါတယ်။
Lee Si Eon ဟာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Friend, Our Legend” ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။
Seo Ji Seung ကတော့ ၂၀၀၅ ခုနှစ်မှာ“Sharp 2” ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။
Congratulations....

March လ ၃ ရက်နေ့မှာပြီးဆုံးမယ့် Billboard charts တွေ ထွက်လာပီနော်။

ဒီတစ်ပတ်အတွက်World Albums chart မှာဆိုရင် BTS ရဲ့ “Love Yourself: Her” ဟာ ၂ကြိမ်မြောက် သီတင်းပတ်ရဲ့ No. 2 နေရာမှာ ချိတ်ဆွဲလျက်ရှိပါတယ်။ “Wings”album ကတော့  No. 9 မှာရောက်ပြေီး , “You Never Walk Alone” ကတော့ No. 12 မှာ ရောက်ရှိနေပါတယ်။


BTS အဖွဲ့ဝင် Suga ရဲ့ 2016 mixtape “Agust D” ကလည်း iTunes, Spotify စတဲ့ music service စာရင်းတွေအရ World Albums Chart မှာ no.3 ချိတ်လျက်ရှိပါတယ်။

SEVENTEEN ရဲ့ “Director’s Cut” ဟာဆိုရင်လည်း no.5 နေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။

BoA ရဲ့ new mini album “One Shot, Two Shot”  ကလည်း the World Albums chart ထဲကို No. 7 နေရာကနေ ဝင်ရောက်လျက်ရှိပါတယ်။

CLC ရဲ့ mini album “Black Dress” ကလည်း ထွက်ပြီး no.11 နေရာမှာ ရှိနေပါတယ်။

ဒီ charts တွေက အချိန်နဲ့အျှ အပြောင်းအလဲရှိနိုင်ပါတယ်နော်

Monday, February 26, 2018

Official Social Media Channels များ ဖွင့်လိုက်တဲ့ " Idol Rebooting Project" -(THE UNIT) မှ UNB နဲ့ UNI.T အဖွဲ့


KBS က ထုတ်လွှင့်နေတဲ့ "The Unit" Idol rebooting project မှ UNB နဲ့ UNI.T ဟာ အဖွဲ့ခွဲပြီး သူတို့ရဲ့ official account တွေကို ဖွင့်လိုက်ပါပြီ။ UNB က ယောက်ျားလေးအဖွဲ့ဖြစ်ပြီး UNI.T က မိန်းကလေးအဖွဲ့ဖြစ်ပါတယ်။ သူတို့အကောင့်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Twitter
Instagram  
UNB   -    official_un_b
UNI.T  -  official_uni_t
V live channel
Fan cafe
UNB - http://cafe.daum.net/official.UNB
UNI.T - http://cafe.daum.net/official.UNI.T

Sunday, January 7, 2018

Monday, January 1, 2018

EXO - universe myanmar sub လေး တင်ပေးလိုက်ပြီနော် ဘော်ဘော်တို့