Global Charts မှာ "Blooming Day" နဲ့ ထိပ်ဆုံးနေရာရောက်ရှိသွားတဲ့ EXO-CBX
EXO-CBX ရဲ့ second mini album “Blooming Days” ဟာဆိုရင် မနေ့(ဧပြီလ ၁၀ ရက်နေ့) ကိုရီးယားစံတော်ချိန် ညနေ ၆နာရီတိတိမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထွက်ရှိလာပြီး မကြာခင်မှာပဲ Korean real-time charts တွေမှာ ထိပ်ဆုံးနေရာတွေကို ရယူထားနိုင်ခဲ့ပါတယ်။
ဒါတင်မကသေးပဲ international iTunes album charts မှာလည်း တဖြည်းဖြည်း ထိပ်ကို တက်လာပြီးတော့ ဒီနေ့ april 11 ရက်နေ့ ကိုရီးယားစံတော်ချိန် မနက် ၉နာရီမှာ No.1 နေရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
အဆိုပါ iTunes album charts မှာ Argentina, Armenia, Brunei, Cambodia, Chile, Colombia, Denmark, Finland, India, Norway, Peru, Poland, Russia, Singapore, Sweden, Brazil, နဲ့ Turkey အပါအဝင် နိုင်ငံ ၂၆ နိုင်ငံမှ သီချင်း album များကြားမှာ "Blooming Day"က နံပါတ် ၁ နေရာ ရရှိခဲ့တာဖြစ်ပါတယ်။
Admin - Fatcat
Ref: OSEN
No comments:
Post a Comment