ရွေးချယ်စရာများ

Thursday, April 12, 2018

2 နှစ်အကြာမှာ ထွက်ရှိခဲ့တဲ့ Eric Nam ရဲ့ mini album အကြောင်း တစေ့တစောင်း

Eric Nam ရဲ့ new mini album 'Honestly' ထွက်ရှိလာခြင်း အထိမ်းအမှတ်ပွဲကို Seogyo-dong, Mapo-gu, Seoul မှာရှိတဲ့ Hongdae Move Hall မှာကျင်းပခဲ့ပါတယ်။

အဆိုပါ album ဟာ 2016 ခုနှစ် march လ 24 ရက်နေ့တုန်းက Eric Nam နဲ့ အင်တာဗျူးတစ်ခုမှာ စတင် မိတ်ဆက်ခဲ့ပြီး အခု ၂နှစ်အကြာမှာမှ ထွက်ရှိလာတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

"ကျွန်တော် ဒီ album အတွက် ၂ နှစ်လောက် ပြင်ဆင်ခဲ့ရပါတယ်။ ဒီ album ဖြစ်လာဖို့ မျက်ရည်တွေ ချွေးတွေနဲ့ ပေးဆပ်ပြီး တော်တော်ကြိုးစားခဲ့ရတာပါ။ ပရိတ်သတ်တွေအနေနဲ့ ဒီသီချင်းတွေကို အနည်းဆုံး ၁ ခါလောက်တော့ နားထောင်ကြမယ်လို့ မျှော်လင့်မိပါတယ်" ဆိုပြီး Eric Nam က အထိမ်းအမှတ်ပွဲမှာပြောကြားသွားပါတယ်။

ဒီ album ပြင်ဆင်ချိန်ကြာမြင့်မှုနဲ့ ပတ်သတ်ပြီးတော့ Eric Nam က "အချိန်ကြာတာနဲ့ပတ်သတ်ပြီး မကျေနပ်တာတွေ ဘာတွေ မရှိပါဘူး။ album က ဖြေးဖြေးချင်း တစ်ပုဒ်ခြင်း ပြီးသွားခဲ့တာပါ။ တခြား အောင်မြင်နေတဲ့ အဆိုတော်တွေရဲ့ အကြံပေးမှုတွေလည်း အများကြီးရခဲ့ပါတယ်။ အထူးသဖြင့်တော့ BTS member တွေကို ကျေးဇူးတင်ပါတယ်။ သူတို့ မအားတဲ့ကြားထဲကကို အကြံဥာဏ်ကောင်းလေးတွေ ဝိုင်းစဉ်စားပေးကြတဲ့အတွက်ပါ" ဆိုပြီး ပြောခဲ့ပါတယ်။

"Album နာမည်ပေးဖို့လုပ်တော့ potion လို့ပေးရင်ကောင်းမလား honestly လို့ပေးရင်ကောင်းမလား မဝေခွဲတတ်တော့ပါဘူး။ အဲ့တာကြောင့် Katok ကိုပို့ပြီး မဲခွဲရာမှာ honestly က မဲနည်းနည်းသာပြီး အဲ့နာမည်ပေးဖြစ်ခဲ့တာပါ။ ဆိုပြီး album name နဲ့ပတ်သတ်လို့ ပြောခဲ့ပါတယ်။

Ref : OSEN
Admin - Fatcat

No comments:

Post a Comment